Monday, October 7, 2019

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သားနှစ်ယောက်အတွက် အမှန်တရားကို တရားရုံးတွင် အကုန်ချသွားပြမည်ဟု ပြောကြား

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သားနှစ်ယောက်အတွက် အမှန်တရားကို တရားရုံးတွင် အကုန်ချပြသွားမည်ဖြစ်သောကြောင့် တရားရုံး၏ အဖြေကိုသာ စောင့်ကြည့်ကြရန် ပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။

အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၇ ရက်က ပုဗ္ဗသီရိမြို့နယ်တရားရုံးသို့ လာရောက်သည့် ၎င်းက မီဒီယာများ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။
'အမှန်တရားဖြစ်ရမှာပါ။ သူ ကျူးလွန်လား၊ မကျူးလွန်လား၊ ဒါတွေက တရားရုံးက အကုန်လုံး အဖြေထုတ်မှာချည်းပဲလေ'ဟု အောင်ကြီးနှင့်ပတ်သက်၍ ဒေါ်ဥမ္မာလှိုင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဒေါ်ဥမ္မာလှိုင်အနေဖြင့် ဗစ်တိုးရီးယားအမှု၏ တရားခွင်ထွက်ဆိုချက်များအား မီဒီယာများကို ပြန်လည်ဖြေကြားရာတွင် သားနှစ်ဦး၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေခြင်းကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
<zawgyi>

Tuesday,October 8 ,2019

0 comments:

Post a Comment