Sunday, October 6, 2019

Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် တရားစွဲဆိုထားသည့် အောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင် အမှုရင်ဆိုင်ရန် ရက်ချိန်းလာယူ

Image may contain: 7 people, people standing and outdoor

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်အောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုပ္ဗသီရိမြို့နယ်ရှိ ပတ္တာရဲစခန်းအမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ အမှုဖွင့်ထားသည့် အတွက် ယနေ့ ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် မှုခင်းဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (CMP) ဖြင့် ရက်ချိန်းလာရောက်ယူခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။
ယင်းသို့ တရားစွဲဆိုခံရခြင်း ဗစ်တိုးရီးယား၏ဒုတိယအကြိမ်မြောက် ရုံးချိန်းအပြီးတွင်း ဒေါ်စုဒါလီအောင်မှ သတင်းဌာနများကို ပြန်လည်ဖြေကြားခြင်းအပေါ် ယခု ကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိမှာတော့ ဒေါ်စုဒါလီအောင်သည် ငွေကျပ် သိန်း၁၀၀ ဖြင့် အာမခံရရှိထားခြင်းဖြစ်သည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ သည် အများဆုံးထောင်ဒဏ် ၄ လ မှ တစ်နှစ်အထိ ကျခံနိုင်ကြောင်း၊ ဒဏ်ငွေ အနေဖြင့် ၄ သိန်းမှ ငွေဒဏ် ၈ သိန်း အထိ ဖြစ်ကြောင်း သိရသည်။
<zawgyi>
Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် တရားစွဲဆိုထားသည့် အောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင် အမှုရင်ဆိုင်ရန် ရက်ချိန်းလာယူ
Monday, October 7, 2019

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်အောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုပ္ဗသီရိမြို့နယ်ရှိ ပတ္တာရဲစခန်းအမှုဖွင့်ထားကြောင်း သိရသည်။
ထိုသို့ အမှုဖွင့်ထားသည့် အတွက် ယနေ့ ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် မှုခင်းဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (CMP) ဖြင့် ရက်ချိန်းလာရောက်ယူခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။
ယင်းသို့ တရားစွဲဆိုခံရခြင်း ဗစ်တိုးရီးယား၏ဒုတိယအကြိမ်မြောက် ရုံးချိန်းအပြီးတွင်း ဒေါ်စုဒါလီအောင်မှ သတင်းဌာနများကို ပြန်လည်ဖြေကြားခြင်းအပေါ် ယခု ကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိမှာတော့ ဒေါ်စုဒါလီအောင်သည် ငွေကျပ် သိန်း၁၀၀ ဖြင့် အာမခံရရှိထားခြင်းဖြစ်သည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ သည် အများဆုံးထောင်ဒဏ် ၄ လ မှ တစ်နှစ်အထိ ကျခံနိုင်ကြောင်း၊ ဒဏ်ငွေ အနေဖြင့် ၄ သိန်းမှ ငွေဒဏ် ၈ သိန်း အထိ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment