Thursday, October 3, 2019

Visa နှင့် Mastercard အပါအဝင် အခြားသော အဓိကငွေကြေးလုပ်ငန်းများသည် Facebook ၏ Libraဒီဂျစ်တယ်ငွေကြေးအား ထောက်ခံပံ့ပိုးရန်စီစဉ်ထားခြင်းကို ပြန်လည်သုံးသပ်လျက်ရှိ

Image may contain: textNo photo description available.

Visa နှင့် Mastercardအပါအဝင် အခြားသော အဓိကငွေကြေးလုပ်ငန်းများသည် ယခင်ကFacebook ၏ Libra ဒီဂျစ်တယ်ငွေကြေးအားထောက်ခံ၍ လုပ်ငန်းများချိတ်ဆက်လုပ်ဆောင်သွားရန် ကြေညာထားသော်လည်း လက်ရှိအချိန်၌မူ ယင်းကိစ္စအပေါ် ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ Facebookသည် လက်ရှိအချိန်အထိ ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များနှင့် ငွေကြေးဆိုင်ရာ အာဏာပိုင်များအားစည်းရုံးနိုင်ခြင်းမရှိသည့်အပြင် အချို့သော ဗဟိုဘဏ်အများစု၏ ပြင်းထန်သော ကန့်ကွက်မှုများကို ကြုံတွေ့နေရသောကြောင့် Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့်ကိစ္စကို မူလက ထောက်ခံ့ပံ့ပိုးပေးရန် ကြေညာထားသည့် Visa နှင့် Mastercard အပါအဝင် အခြားသောအဓိကငွေကြေးလုပ်ငန်းများအနေဖြင့် ပြန်လည်သုံးသပ်မှုများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Facebookသည် Libra ဒီဂျစ်တယ်ငွေကြေးအား ၂၀၂၀ ခုနှစ်၊ ဇွန်လ၌ စတင်ထုတ်ဝေမည်ဟုထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် ဥရောပတိုက်၌ Libra ဒီဂျစ်တယ်ငွေကြေးကို အသုံးပြု၍မရအောင် တားမြစ်ပိတ်ပင်သွားမည်ဟု ဆုံးဖြတ်ထားပြီး အခြားကမ္ဘာ့နိုင်ငံများသည်လည်းLibra ငွေကြေးအပေါ် အဆိုးမြင်သည့် သဘောထားများရှိနေကြောင်း၊ အမေရိကန်အာဏာပိုင်များသည် Libraငွေကြေးထုတ်ဝေရေးကိစ္စနှင့် ပတ်သက်၍ တာဝန်ယူထားသော Libra Association မှ ထိပ်တန်းတာဝန်ရှိသူများ Libraငွေကြေးကိုထောက်ခံပံ့ပိုးပေးမည်ဟု ကြေညာထားသော ငွေကြေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများကို ဝါရှင်တန်ဒီစီသို့ ဆင့်ခေါ်ထားပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃) ရက် (ကြာသပတေးနေ့) တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။

<<ZawGyi>>
Thursday,October 3, 2019

Ref-#channelnewsasia
#BSI_Myanmar #Myanmar_Online_News #Visa #Mastercard #Libra #Facebook

0 comments:

Post a Comment