Wednesday, October 16, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းထိမှန်ပြီး သံဃာတော်သုံးပါး ဒဏ်ရာများရရှိ

Image may contain: text

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သံဃာတော်သုံးပါး ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံတပ်မှတာဝန်ရှိသူများက သွားရောက်စိစစ် မေးမြန်းရာ မိုင်းငေါ့မြို့နယ်၊ လွယ်ကလေးကျေးရွာနေ ဘဒ္ဒန္တခေမိန္ဒအပါအဝင် သံဃာတော် သုံးပါးသည် မိုင်းငေါ့မြို့မှ ဆိုင်ကယ်တစ်စီးဖြင့် လွယ်ကလေးကျေးရွာသို့ ထွက်ခွာခဲ့ရာ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် နမ့်ကွေကျေးရွာ၏ အနောက်ဘက် မီတာ ၁၂ဝဝ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံးအား ဆိုင်ကယ်ရှေ့ဘီးဖြင့် နင်းမိပေါက်ကွဲခဲ့သဖြင့် သံဃာတော်သုံးပါးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
<zawgyi>

0 comments:

Post a Comment