Tuesday, October 15, 2019

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁ဝ၅ မိုင် စစ်ဆေးရေးဂိတ်အနီး၌ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ ပြောက်ကျားယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ၁ဝ၅ မိုင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ည ၆ နာရီ ၁ဝ မိနစ်ခန့်တွင် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် Pajero အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်၏ မီတာ ၃ဝဝဝ ခန့်အကွာနေရာ၌ ၎င်းမော်တော်ယာဉ်ပေါ်မှ ပစ်ချထားခဲ့သည့် အစိမ်းရောင် ပီနံအိတ် ၃၈ ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိ အထုပ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ TNLA ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၁၂၄ဝ စုံ၊ အစိမ်းနှင့်အဖြူကြား သုံးလိုင်းပေါ်၌ အနီရောင်အဝိုင်းပါ ၆ ပေ ၃ ပေ အလံ ၂ဝဝ ထည်နှင့် ၃ ပေ ၂ ပေ အလံ ၂ဝဝ ထည်၊ အနီရောင်အောက်ခံပေါ်တွင် အဖြူရောင် ဓားနှစ်လက်ပါ ၆ ပေ ၃ ပေ အလံ၂ဝဝ ထည်တို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါထွက်ပြေး လွတ်မြောက်သွားသော မော်တော်ယာဉ်အား ဖမ်းဆီးရမိရေးနှင့် အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်စစ်ကြောင်းများက တာဝန် ရှိသူများနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
<zawgyi>

Wednesday, October 16, 2019

0 comments:

Post a Comment