Thursday, October 3, 2019

TNLAအဖွဲ့၏ဖမ်းဆီးသွားခြင်းခံရပြီး ပြန်လွှတ်ပေးခဲ့သော ရဲလေးဦးအား ဌာနတွင်း စစ်ဆေးမည်

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA ၏ ဖမ်းဆီးသွားခြင်းခံရပြီး ပြန်လွှတ်ပေးခဲ့သော ရဲတပ်ဖွဲ့ဝင် လေးဦးကို ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးသွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ပြောကြားချက်အရသိရသည်။

အဆိုပါ တာမိုးညဲမြို့နယ် မုံးစီးရဲစခန်းက စခန်းမှူး ရဲအုပ် ကျော်ဇင်ထိုက်၊ ဒုရဲအုပ် တင်စိုး၊ တပ်ကြပ်ကြီး စောသက်နိုင်နဲ့ ဒု-တပ်ကြပ် ကျော်မင်းထိုက်တို့ကို မုံးစီး နမ့်ဆာနဲ့ နမ့်မောကျေးရွားကြားတွင် စက်တင်ဘာလ ၂၉ ရက်နေ့က TNLA အဖွဲ့မှ ဖမ်းဆီးသွားပြီး လေးရက်အကြာမှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ကြောင်းသိရသည်။
အဆိုပါပြန်လည်လွတ်မြောက်လာသော ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်မှ ရပ်ဆိုင်းထားတာမျိုးမရှိပေမယ့် မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးကို ပြောင်းရွှေ့ထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ခဲ့သော နေရာရှိဒေသခံ အရပ်သားတချို့ကိုပါ ခေါ်ယူစစ်ဆေးသွားမှာဖြစ်ကြောင်းသိရှိရသည်။
<<Zawgyi>>
Thursday,October 3, 2019

0 comments:

Post a Comment