Tuesday, October 15, 2019

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် NLD ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံ ဖျက်ဆီးခံရ

No photo description available.No photo description available.
ကချင်ပြည်နယ် ချီဖွေမြို့ ရစ်လော်ရပ်ကွက်ရှိ ချီဖွေမြို့နယ် NLD ပါတီရုံးရှေ့ အုတ်ဖြင့် စိုက်ထူထားသော ပါတီတံဆိပ်ပုံရှိ ခွပ်ဒေါင်းပုံတစ်ခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

“ ဆိုင်းဘုတ်မဟုတ်ဘူး။ ခွပ်ဒေါင်းပုံဖျက်ဆီးခံရတာ။ အဲဒီ ပုံက ဓားနဲ့မခြစ်ရင်တော့ ခွာလို့မရဘူး။ အခုဒီကိစ္စကို စုံစမ်းနေတုန်းပဲ။ ရဲစခန်းတော့ တိုင်တာမရှိဘူး” ဟု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ချီဖွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ယခုလ အောက်တိုဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကချင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
ပါတီခွပ်ဒေါင်းပုံ ဖျက်ဆီးခံရတာနှင့် ပတ်သက်၍ ပါတီတာဝန်ရှိသူများက စုံစမ်းနေဆဲ ဖြစ်ကြောင်း ချီဖွေမြို့နယ် NLDပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref ; EPN
#ChawZangTi #Myanmar_Online_News
<zawgyi>
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် NLD ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံ ဖျက်ဆီးခံရ
Wednesday, October 16, 2019
ကချင်ပြည်နယ် ချီဖွေမြို့ ရစ်လော်ရပ်ကွက်ရှိ ချီဖွေမြို့နယ် NLD ပါတီရုံးရှေ့ အုတ်ဖြင့် စိုက်ထူထားသော ပါတီတံဆိပ်ပုံရှိ ခွပ်ဒေါင်းပုံတစ်ခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
“ ဆိုင်းဘုတ်မဟုတ်ဘူး။ ခွပ်ဒေါင်းပုံဖျက်ဆီးခံရတာ။ အဲဒီ ပုံက ဓားနဲ့မခြစ်ရင်တော့ ခွာလို့မရဘူး။ အခုဒီကိစ္စကို စုံစမ်းနေတုန်းပဲ။ ရဲစခန်းတော့ တိုင်တာမရှိဘူး” ဟု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ချီဖွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ယခုလ အောက်တိုဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကချင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
ပါတီခွပ်ဒေါင်းပုံ ဖျက်ဆီးခံရတာနှင့် ပတ်သက်၍ ပါတီတာဝန်ရှိသူများက စုံစမ်းနေဆဲ ဖြစ်ကြောင်း ချီဖွေမြို့နယ် NLDပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref ; EPN
#ChawZangTi #Myanmar_Online_News

0 comments:

Post a Comment