Thursday, October 3, 2019

ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌနော်အုန်းလှရုံးချိန်းသို့ ကရင်တိုင်းရင်းသားအလံ ကိုင်ဆောင်ကာ လာရောက်ဝန်းရံသူသုံးဦး ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရ

Image may contain: 8 people, people standing
ကရင်အာဇာနည်နေ့ဟု သုံးစွဲသဖြင့် တရားစွဲခံရသော နော်အုန်းလှ၏ စက်တင်ဘာလ ၂၇ ရက်နေ့ ရုံးချိန်းသို့ ကရင်တိုင်းရင်းသားအလံ ကိုင်ဆောင်ကာ လာရောက်ဝန်းရံသူ မစိန်ထွေး၊ နော်လရှီးထူးနှင့် မဇာခြည်လင်းတို့ သုံးဦးအား ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရကြောင်းသိရသည်။

ထိုသို့တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ယခုကိစ္စများတွင် တာဝန်အရှိဆုံး အစိုးရမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်ကြောင်း၊ တရားစွဲခံရသူများနှင့်ထပ်တူ ရပ်တည်မည် ဖြစ်သည့်အပြင် မတရားအနိုင်ကျင့် ဖိနှိပ်ချုပ်ချယ်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်မည်ဖြစ်ကြောင်း နော်အုန်းလှက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားကြောင်းသိရသည်။
ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံထားရသော ကရင်အမျိုးသမီး အစည်းအရုံး (KWU) ဥက္ကဋ္ဌ နော်အုန်းလှအပြင် ကရင်လူငယ်နှစ်ဦး ဖြစ်သော စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက အမိန့်မချခင် စက်တင်ဘာ ၂၇ ရက်ရုံးချိန်းတွင် ကရင်ဝတ်စုံများ ဝတ်ဆင်ထားသော ကရင်တိုင်းရင်းသား ၁၀၀ ကျော်သည် မဟာဗန္ဓုလပန်းခြံမှ ကျောက်တံတား တရားရုံးသို့ ကရင်တိုင်းရင်းသားအလံ ကိုင်ဆောင်ကာ လမ်းလျှောက်ချီတက်၍ လာရောက် ဝန်းရံခဲ့ကြသည်။ ယင်းနောက် ကျောက်တံတား တရားရုံးရှေ့၌ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှရ ရှိရေး... ဒို့အရေး ဟု ကြွေးကြော်ခဲ့ကြသည်။
ထို့ပြင် နော်အုန်းလှအား အရေးယူခြင်းမှာ ကရင်တစ်မျိုးသားလုံးအား ဖိနှိပ်ခြင်းဖြစ်ပြီး ကရင်လူမျိုးများ၏ ရင်ထဲတွင် အဆိပ်ဆူးတစ်ချောင်း ဝင်သကဲ့သို့ ခံစားရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်ကြောင်း KNU (ကရင်အမျိုးသား အစည်းအရုံး) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုမဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားကြောင်းသိရှိရသည်။
No photo description available.
Image may contain: 2 people
<<Zawgyi>>
Thursday,October 3, 2019

0 comments:

Post a Comment