Monday, October 7, 2019

ရုရှားအစိုးရသည် Google ၊ Facebook နှင့် Apple တို့ကဲ့သို့သောနည်းပညာကုမ္ပဏီကြီးများထံမှ Digital Tax ကောက်ခံရန်စဉ်းစားနေ.

No photo description available.No photo description available.
Google ၊ Facebook နှင့် Apple ကဲ့သို့သောနည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့လုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံများအားဒီဂျစ်တယ်အခွန် (Digital Tax) ပေးဆောင်သင့်သည်ဟု ရုရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃) ရက် (ကြာသပတေးနေ့) တွင် ကြေညာခဲ့ကြောင်းသိရှိရပါသည်။

ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံ၏အခွန်ဥပဒေပြဌာန်းချက်၌ နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများအပေါ် Digital Tax များ ကောက်ခံမည့်ပြဌာန်းချက်ကိုနောက်ဆက်တွဲထည့်သွင်းရန် အဆိုပြုခဲ့ကြောင်း၊ ထိုသို့ အဆိုပြုရာ၌ နိုင်ငံအသီးသီးရှိပြည်သူများ၏ အသုံးပြုမှုကြောင့် နည်းပညာကုမ္ပဏီကြီးများမှာ ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ နည်းပညာကုမ္ပဏီကြီးများအပေါ်၌ ပုံမှန်အခွန်အခများအပြင် ဒီဂျစ်တယ်အခွန် (Digital Tax) ကိုပါ သတ်မှတ်ကောက်ခံသင့်ကြောင်း၊ ထိုသို့ကောက်ခံမည်ဆိုပါက ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုနေခြင်းကြောင့် ဖြစ်ပေါ်နေသည့် တိုင်းပြည်၏ ဘဏ္ဍာငွေကုန်ကျမှုများကို အထိုက်အလျောက်ဖြည့်တင်းပေးနိုင်ပြီး အခွန်ခွဲဝေသုံးစွဲမှုတွင်လည်း ပိုမိုမျှတလာလိမ့်မည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။
လက်ရှိအချိန်၌ နည်းပညာကုမ္ပဏီကြီးများသည် အခြေစိုက်ရုံးများဖွင့်လှစ်ရာ၌ အခွန်အခသက်သာသော နိုင်ငံများကို ရွေးချယ်လျက်ရှိကြောင်း၊ လက်ရှိအချိန်၌ အိုင်ယာလန်နိုင်ငံသည်နည်းပညာကုမ္ပဏီကြီးများအား ဝင်ငွေခွန် ၁၂.၅% သာကောက်ခံလျက်ရှိရာ အခြားကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အခွန်သက်သာသည့်အတွက် Google ၊ Facebook နှင့် Microsoft အပါအဝင်အဆင့်မြင့် နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ဌာနချုပ်ရုံးများကို အိုင်ယာလန်နိုင်ငံ၌ သွားရောက်ဖွင့်လှစ်ထားကြကြောင်း သိရှိရပါသည်။
ရုရှားနိုင်ငံသည် နည်းပညာကုမ္ပဏီကြီးများအား မူလကဝင်ငွေခွန်တစ်မျိုးတည်းသာ ကောက်ခံခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံခြားကုမ္ပဏီများကို ထပ်ဆောင်းခွန် (Value Added Tax- VAT) ၂၀% စတင်ကောက်ခံခဲ့ကြောင်း၊ ယခုအခါ ပြင်သစ်နိုင်ငံသည် Google အပါအဝင် နည်းပညာကုမ္ပဏီကြီးများအပေါ်၌ Digital Tax ဟူ၍ ခေါ်ဝေါ်သတ်မှတ်ထားသည့် အခွန်အမျိုးအစားသစ်ကို ၂၀၁၉ ခုနှစ်မှစတင်၍ ကောက်ခံနေပြီး ၂၀၁၉ ခုနှစ်တစ်နှစ်တာကာလအတွက် Digital Tax ကောက်ခံခြင်းမှယူရိုငွေ (၅၀၀) သန်းခန့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗြိတိန်အပါအဝင်အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ပြင်သစ်နိုင်ငံနည်းတူ Digital Taxများကိုကောက်ခံရန်စီစဉ်လာခဲ့ပြီးရုရှားနိုင်ငံသည်လည်း Digital Tax ကိုစတင်ကောက်ခံရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။
Image may contain: indoor

<<Zawgyi>>
Monday,October 7,2019

#RT
#BSI_Myanmar
#Myanmar_Online_News #႐ုရွားအစိုးရ #Google #Facebook #Apple #Digital_Tax

0 comments:

Post a Comment