Wednesday, October 16, 2019

မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်ဖြန့်ချိမည့် Chang ဘီယာ

Image may contain: one or more people
Chang ဘီယာစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့မှာတည်ရှိပြီး ခေတ်မီစက်သစ်ကြီးတွေနဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဘီယာအရေအတွက် ဟက်တိုလီတာ (Hectolitre) ၅၀၀,၀၀၀ စတင်ထုတ်လုပ်ဖြန့်ချိနေပါပြီ။ ဖြန့်ဖြူးရာမှာလည်း အရောင်းမြှင့်တင်ရေး အစီအစဉ်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေကို အသုံးပြုဆောင်ရွက်သွားမှာပါ။

Emerald Brewery မှ ဝန်ထမ်း ၈၀ ဟာ Chang ဘီယာကို မြန်မာနိုင်ငံမှာ စတင်မချက်လုပ်မီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ Chang ဘီယာအဖွဲ့သားတွေဆီကို တစ်လကြာ သွားရောက်ခဲ့ပြီး ထုတ်ကုန်အရည်အသွေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး စတာတွေကို အထူးလေ့ကျင့် သင်ယူခဲ့ကြပါတယ်။
ဘီယာ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို နိုင်ငံတကာမှအရည်အသွေးမြင့် ကုန်ကြမ်းများသာ သုံးစွဲထားကာ Malt ကို ဥရောပနိုင်ငံများ မှ လည်းကောင်း၊ Hops ကိုဂျာမနီ နဲ့ အမေရိကန်နိုင်ငံ တို့ကလည်း ကောင်းသုံးစွဲထားပါတယ်။ ထုတ်ကုန်အရည်အသွေးကျဆင်းမှု မရှိစေရေးအတွက် Chang ဘီယာ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေမှာအကြိမ်ပေါင်း ၂၅၀ တိုင်တိုင် စစ်ဆေးမယ့်စနစ်ကိုကျင့်သုံးသွားမှာလည်း ဖြစ်ပါတယ်။
Chang ဘီယာကို မြန်မာနိုင်ငံ မှာ 330ml သံဗူး၊ 500ml သံဗူး၊ 320ml ပုလင်း၊ 620ml ပုလင်းတို့အပြင် 30 Litre ဆံ့ စည်တို့နဲ့ ထုတ်လုပ်ဖြန့်ချိဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။
ပိုမိုကောင်းမွန်တဲ့ အချက်ကတော့ အရည်အသွေးမြင့် ဘီယာကို ချက်လုပ်ရာမှာ စက်ရုံရဲ့ လုပ်ငန်းစုစုပေါင်း ၃၀ % 3️⃣0️⃣ အတွက်နေရောင်ခြည်စွမ်းအင်ကို သုံးစွဲသွားမှာဖြစ်လို့ စွမ်းအင်ချွေတာရာလည်းရောက်ပါတယ်။ ဒါ့အပြင် စက်ရုံက ထုတ်လုပ်တဲ့ပုလင်းတွေကိုအရည်အသွေးဆန်းစစ်ပြီး ပြန်လည်လက်ခံ အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေမယ့် နောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။
Image may contain: outdoor
Image may contain: outdoor
No photo description available.
Image may contain: sky, house and outdoor
<<Zawgyi>>

0 comments:

Post a Comment