Tuesday, October 8, 2019

တာချီလိတ်မြို့နယ်၌ စိတ်ကြွဆေးပြားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Image may contain: one or more people, people sitting, table and indoor

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီ ၃၀ တွင် တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာနေ ဆာပြန်၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဦးစီးပူးပေါင်းအဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် WY စိတ်ကြွဆေးပြား ၂၀၈၀၀ ပြား၊ ဘိန်းဖြူ ဝ.၂၆၄၅ ကီလို ၊ ဘိန်းမဲ ၁ ကီလို၊ ပွိုင့် 38 ကျည် ဖြင့် ပစ်ခတ်ရသော တစ်လုံးထိုး လုပ်သေနတ် ၁ လက်နှင့် ပွိုင့် 38 ကျည် ၃ တောင့်တို့ အား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရပါသည်။

အဆိုပါ ဆာပြန်အား တာချီလိတ်မြို့မရဲစခန်း မယ(ပ) ၁၂၈/၂၀၁၉၊ မူး/ စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
<<zawgyi>>
တာချီလိတ်မြို့နယ်၌ စိတ်ကြွဆေးပြားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Tuesday,October 8 ,2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီ ၃၀ တွင် တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာနေ ဆာပြန်၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဦးစီးပူးပေါင်းအဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် WY စိတ်ကြွဆေးပြား ၂၀၈၀၀ ပြား၊ ဘိန်းဖြူ ဝ.၂၆၄၅ ကီလို ၊ ဘိန်းမဲ ၁ ကီလို၊ ပွိုင့် 38 ကျည် ဖြင့် ပစ်ခတ်ရသော တစ်လုံးထိုး လုပ်သေနတ် ၁ လက်နှင့် ပွိုင့် 38 ကျည် ၃ တောင့်တို့ အား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရပါသည်။
အဆိုပါ ဆာပြန်အား တာချီလိတ်မြို့မရဲစခန်း မယ(ပ) ၁၂၈/၂၀၁၉၊ မူး/ စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment