Thursday, October 3, 2019

လက်နက်ကြီးစနစ်ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် စွမ်းရည်အထိရှိနေပြီဖြစ်ပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်မှုစနစ်သည် နိုင်ငံတော်၏ဘဏ္ဍာငွေကို ချွေတာရာရောက်ဟု တပ်မတော်မှ ပြောကြား

နိုင်ငံတကာ တပ်မတော်များ၏ စွမ်းရည်များအပေါ် လေ့လာသည့် Global Fire Power (GFP) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ မြန်မာ့တပ်မတော် စွမ်းရည်သည် ၂၀၁၈ ခုနှစ်ကထက် အဆင့်နှစ်ဆင့် လျော့ကျခဲ့သည်ဟူသော ဖော်ပြချက်နှင့်ပတ်သက်၍ တပ်မတော်တွင် လက်နက်ကြီးစနစ် ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် စွမ်းရည်အထိရှိနေပြီဖြစ်ပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်မှုစနစ်သည် နိုင်ငံတော်၏ ဘဏ္ဍာငွေကို ချွေတာရာရောက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်စွမ်းရည်ကျခြင်း၊ မကျခြင်းသည် GFP ၏ စံချိန်စံညွှန်း သတ်မှတ်ချက်သာဖြစ်ပြီး အဆိုပါစံနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်၍ ဝေဖန်ရန်မရှိကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်မီတပ်မတော်ဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ရာတွင် စိတ်ပိုင်းဆိုင်ရာတိုးတက်မှု၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနှင့် စိတ်ဓာတ်စည်းကမ်းပိုင်းဆိုင်ရာများ တိုးတက်မှုရှိအောင်ဆောင်ရွက်နေကြောင်းလည်းထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော် (ကြည်း) တွင်လည်း ယခင်က လက်နက်ကြီးနှင့်ပတ်သက်၍ လည်းကောင်း၊ အမြောက်တပ်နှင့်ပတ်သက်၍လည်းကောင်း တပ်ရင်းအဆင့်သာရှိခဲ့ပြီး ယခုအခါအမြောက်တပ်တွင် တပ်မအဆင့်အထိ တပ်မတော်က လုပ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံတကာမှ လက်နက်ဝယ်ယူရာတွင် ဝယ်ယူလိုတိုင်း ဝယ်ယူ၍မရဘဲ လက်နက်ဝယ်ရာတွင် နိုင်ငံရေးအကြောင်းအရာများ ဆက်စပ်နေကြောင်း၊ တပ်မတော်အနေဖြင့် ယခင်ကနိုင်ငံခြားမှ လက်နက်များကို အသုံးပြုခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပိတ်ဆို့ခံရမှုများရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
တပ်မတော်၏ လက်နက်စနစ်ပိုင်းနှင့်ပတ်သက်၍ တပ်မတော်၏ စစ်ရေးပြအခမ်းအနားများတွင် သိနိုင်သကဲ့သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးများတွင်လည်း တွေ့နိုင်ကြောင်း၊ များသောအားဖြင့် အဆိုပါအခမ်းအနားများတွင် အသုံးပြုသော လက်နက်များသည် ပြည်တွင်းထုတ် စစ်လက်နက်ပစ္စည်းများဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Image may contain: one or more people and outdoor
Image may contain: outdoor
Image may contain: sky and outdoor

<<Zawgyi>>
Friday, October 4, 2019

#GlobalFirePower(GFP)

0 comments:

Post a Comment