Wednesday, October 16, 2019

တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့နိုင်ရေး စာချုပ် ချုပ်ဆိုမည်

Image may contain: one or more peopleImage may contain: one or more people, sky and outdoor
တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့ခွင့် သဘောတူစာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“ ဆန်ကွဲကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကနေ တရားဝင်ပို့နိုင်ဖို့ တောင်းဆိုထားတာရှိတယ်။ အရင်က ပင် လယ်ရေကြောင်းကနေ ကိုတာနဲ့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ခွင့်ထဲမှာ ဆန်ကွဲမပါဝင်လို့ အခုကျွန်တော်တို့ ဘက်က ထပ်မံတောင်းဆိုခဲ့လို့ ဖြစ်တယ်။ တရုတ်ရဲ့ မူဝါဒအရ ဆန်ကွဲကို ကိုတာစနစ်မထားပဲ လွတ်လွတ်လပ် လပ် တင်ပို့ခွင့်ပေးထားတာ ဖြစ်တယ်” ဟု ဦးခင်မောင်လွင်က ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်ကွဲ တင်ပို့နိုင်ပါက တရုတ်အစိုးရမှ သတ်မှတ်ထားသည့် အခွန် ၁၅ ရာခိုင်နှုန်းကို ပေး ဆောင်ကာ တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။
“ ဆန်ကွဲကို တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅ နိုင်ငံခန့်ကို အများဆုံး တင်ပို့နေတာဖြစ်တယ်။ ဆန်ကွဲက ဈေးကွက်က ရှိပြီးသား ဖြစ်တယ် “ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာ့နိုင်ငံမှ ဆန်ကွဲကို နိုင်ငံပေါင်း ၄၁ နိုင်ငံသို့ တင်ပို့နေပြီး၊ ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်၊ နယ်သာလန်နှင့် ယူကေနိုင်ငံများသို့ တန်ချိန် ငါးသိန်းခန့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားကြောင်း သိရသည်။ ထို့ပြင် ဆန်ကွဲကို အီးယူနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရ သည်။
လက်ရှိ ဈေးကွက်အတွင်း ဆန်ကွဲအမျိုး အစားများ ဖြစ်သည့် ဘီ ၂၊ ၃ နှင့် ၄ (၁၀၈) ပေါင်ရှိ တစ်အိတ်လျှင် ကျပ် ၁၄,၅၀၀ ကျပ်မှ ၁၄,၆၀၀ ကျပ်၊ ဘီ ၁၊ ၂ တစ်အိတ်လျှင် ၁၅,၂၀၀ ကျပ်မှ ၁၅,၇၀၀ ကျပ်ကြား၊ ဘီ ၁ (အသန့်) တစ်အိတ်လျှင် ၁၇,၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။
<<Zawgyi>>

0 comments:

Post a Comment