Wednesday, October 16, 2019

တနင်္သာရီမြို့၊ ချောင်းကြီးရပ်သာသနာ့ဝုဎ်ဍိပါလကျောင်းတိုက်၏(၅၈)နှစ်မြောက်၊စုပေါင်းမဟာဘုံကထိန်မြို့တွင်းသို့ပွဲစံလှည့်လည်

Image may contain: 6 people, people standing and outdoor

တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် သာသနာ့ဝုဎ်ဍိပါလကျောင်းတိုက် သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ဩဝါဒကိုခံယူ၍ ချောင်းကြီးရပ်အရပ်လူကြီးများဦးဆောင်လျက် ရပ်ကွက်အတွင်းနေ (၇)ရက်သားသမီးများနှင့်စေတနာရှင်မိဘပြည်သူများမှ မဟာဘုံကထိန်ပွဲအတွက် တတ်အားသရွေ့အလှူငွေပါဝင်နိုင်ရန်နှင့်တရားနာကြွရောက်နိုင်ရန်အတွက် ဒေသဓလေ့အတိုင်း (၅၈)နှစ်မြောက်၊ စုပေါင်းမဟာ ဘုံ ကထိန်ပွဲအကြိုရက်ဖြစ်သော အောက်တိုဘာလ၁၆ရက် နံနက်၇နာရီ ခွဲအချိန်မှစ၍ အဆိုပါကျောင်း ၏မုခ်ဦးအရှေ့မှ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အတွင်း အများသုံးလမ်းများအတိုင်း အစီအစဉ် တကျစီတန်းကာ ကထိန်ပွဲ-ပွဲစံလှည့်လည်ကြသည်။

ယင်းသို့ လှည့်လည်ရာတွင် ကြေးစည်အဖွဲ့၊ သာသနာ့အလံကိုင်အဖွဲ့၊ မင်္ဂလာငွေမောင်းအဖွဲ့၊အရပ်လူကြီးများနိဗ္ဗာန်ဆော်ဆုပေးအဖွဲ့၊အရပ်လူကြီးများဘုရားပင့်အဖွဲ့၊ မြသပိတ်နှင့်ငွေဖလားကိုင်အဖွဲ့၊ ရဟန်းလောင်းရှင်လောင်းများ၊ ပဒေသာပင်များ၊ စည်တော်ယိမ်းအကအဖွဲ့၊ ပန်းအိုးကြီးအဖွဲ့၊ ကထိန်မြတ်သင်္ဃန်းကိုင်ကာလသမီးအဖွဲ့၊ ကွမ်းတော်ကိုင်ပန်း‌တော်ကိုင်ကာလသမီးအဖွဲ့၊ ပရိက္ခရာနှင့်သင်္ဃန်း၊ပန်းအိုးကိုင်အဖွဲ့၊ မိန်းမကြီးများအလှအဖွဲ့၊ကာလသားများပျော်ပွဲရွှင်ပွဲအဖွဲ့၊ဗျိုင်းတောင်အိမ်ထောင်ငယ်အဖွဲ့…စသဖြင့် အဖွဲ့ပေါင်းစုံတို့က မြို့တွင်းလမ်းများအတိုင်း စုပေါင်းညီညာစွာဖြင့်ပွဲစံလှည့်လည်ကြကာ သာသနာ့ဝုဎ်ဍိပါလကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

အဆိုပါ (၅၈)နှစ်မြောက်၊စုပေါင်းမဟာဘုံကထိန်ပွဲ၏ တရားနာရေစက်ချ အလှူမင်္ဂလာကိုအောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၈ နာရီတွင်ပြလုပ်မည်ဖြစ်ပြီး၊ နံနက် ၇ နာရီအချိန်တွင် ရိုးရာနဂါးလှေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း၊ ‘ပိုး’ဇာတ်ပွဲသဘင်ဖြင့် နှစ်ညတိုင်တိုင်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ချောင်းကြီးရပ် အရပ်လူကြီးအဖွဲ့မှ သိရှိရသည်။
Image may contain: one or more people, people standing, plant and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people, people standing, people walking and outdoor
Image may contain: one or more people, people standing, people walking and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, outdoor
သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
<zawgyi>
တနင်္သာရီမြို့၊ ချောင်းကြီးရပ်သာသနာ့ဝုဎ်ဍိပါလကျောင်းတိုက်၏(၅၈)နှစ်မြောက်၊စုပေါင်းမဟာဘုံကထိန်မြို့တွင်းသို့ပွဲစံလှည့်လည်
Thursday ,October 17 ,2019

တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် သာသနာ့ဝုဎ်ဍိပါလကျောင်းတိုက် သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ဩဝါဒကိုခံယူ
၍ ချောင်းကြီးရပ်အရပ်လူကြီးများဦးဆောင်လျက် ရပ်ကွက်အတွင်းနေ (၇)ရက်သားသမီးများနှင့်စေတနာရှင်မိဘပြည်သူ
များမှ မဟာဘုံကထိန်ပွဲအတွက် တတ်အားသရွေ့အလှူငွေပါဝင်နိုင်ရန်နှင့်တရားနာကြွရောက်နိုင်ရန်အတွက် ဒေသဓလေ့အ
တိုင်း (၅၈)နှစ်မြောက်၊ စုပေါင်းမဟာ ဘုံ ကထိန်ပွဲအကြိုရက်ဖြစ်သော အောက်တိုဘာလ၁၆ရက် နံနက်ရနာရီ ခွဲအချိန်မှစ၍ အဆိုပါကျောင်း ၏မုခ်ဦးအရှေ့မှ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အတွင်း အများသုံးလမ်းများအတိုင်း အစီအစဉ် တကျစီတန်းကာ ကထိန်ပွဲ-ပွဲစံလှည့်လည်ကြသည်။

ယင်းသို့ လှည့်လည်ရာတွင် ကြေးစည်အဖွဲ့၊ သာသနာ့အလံကိုင်အဖွဲ့၊ မင်္ဂလာငွေမောင်းအဖွဲ့၊အရပ်လူကြီးများနိဗ္ဗာန်ဆော်ဆုပေးအဖွဲ့၊အရပ်လူကြီးများဘုရားပင့်အဖွဲ့၊ မြသပိတ်နှင့်ငွေဖလားကိုင်အဖွဲ့၊ ရဟန်းလောင်းရှင်လောင်းများ၊ ပဒေသာပင်များ၊ စည်တော်ယိမ်းအကအဖွဲ့၊ ပန်းအိုးကြီးအဖွဲ့၊ ကထိန်မြတ်သင်္ဃန်းကိုင်ကာလသမီးအဖွဲ့၊ ကွမ်းတော်ကိုင်ပန်း‌တော်ကိုင်ကာလသမီးအဖွဲ့၊ ပရိက္ခရာနှင့်သင်္ဃန်း၊ပန်းအိုးကိုင်အဖွဲ့၊ မိန်းမကြီးများအလှအဖွဲ့၊ကာလသားများပျော်ပွဲရွှင်ပွဲအဖွဲ့၊ဗျိုင်း
တောင်အိမ်ထောင်ငယ်အဖွဲ့…စသဖြင့် အဖွဲ့ပေါင်းစုံတို့က မြို့တွင်းလမ်းများအတိုင်း စုပေါင်းညီညာစွာဖြင့်ပွဲစံလှည့်လည်ကြကာ သာသနာ့ဝုဎ်ဍိပါလကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

အဆိုပါ (၅၈)နှစ်မြောက်၊စုပေါင်းမဟာဘုံကထိန်ပွဲ၏ တရားနာရေစက်ချ အလှူမင်္ဂလာကိုအောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၈ နာရီတွင်ပြလုပ်မည်ဖြစ်ပြီး၊ နံနက် ၇ နာရီအချိန်တွင် ရိုးရာနဂါးလှေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပမည်ဖြစ်ကြော
င်း၊ ‘ပိုး’ဇာတ်ပွဲသဘင်ဖြင့် နှစ်ညတိုင်တိုင်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ချောင်းကြီးရပ် အရပ်လူကြီးအဖွဲ့မှ သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
#Myanmar_Online_News

0 comments:

Post a Comment