Sunday, October 6, 2019

ခရီးသွားပြည်သူများအတွက် အထူးရထားများအား သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ပြေးဆွဲပေးမည်

Image may contain: outdoor
မြန်မာ့မီးရထားမှ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ပုဂံသို့ ဘုရားဖူး သွားရောက်ကြမည့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် အထက်တန်းတွဲ ငါးတွဲ၊ ရိုးရိုးတန်း သုံးတွဲ၊ ဘရိတ်တွဲ တစ်တွဲဖြင့် အထူးရထား တစ်စင်းကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားထံမှ သိရသည်။

ရန်ကုန်မှ ပုဂံသို့ ထွက်ခွာပေးမည့် အထူးရထားမှာ ရန်ကုန်ဘူတာကြီးမှ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၂နာရီ ၁၅မိနစ်တွင် ထွက်ခွာပေးမည်ဖြစ်ပြီး ပုဂံသို့ နောက်တစ်နေ့ နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အောက် တိုဘာ ၁၄ရက် ညနေ ၅နာရီတွင် ပုဂံမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပေးမည် ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် ရန်ကုန်မှ ပုဂံသို့ ရထားလက်မှတ်ခမှာ ခရီးသည်တစ်ဦးလျှင် ရိုးရိုးတန်း ကျပ် ၄၅၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၂၀၀၀၊ အထက်တန်းအိပ်စင် ကျပ် ၁၆၅၀၀ တို့ဖြစ်ကြောင်း၊ ရန်ကုန်-ပုဂံ အထူးရထားကို အမှတ် (၆၁/၆၂) အမြန်ရထား ရပ်တန့်သည့်ဘူတာများ၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပုဂံ နေ့စဉ်ပြေးဆွဲပေးလျက်ရှိသော အမှတ် (၆၁) အဆန်၊ အမှတ် (၆၂)အစုန်အမြန်ရထားကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ကြည့်မြင် တိုင်ဘူတာမှ ပြည်သို့ထွက်ခွာသော စာပို့ရထားနှင့် သာရဝေါသို့ သွားရောက်သည့်ရထား များတွင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသည်စီးနင်းမှုများပြားသဖြင့် လူစီးတွဲများ ပိုမို ချိတ်ဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် နေပြည်တော်ရှိဝန်ထမ်းများ နေရပ်သို့ ပြန်ရာတွင် သွားလာရေးအဆင်ပြေနိုင်ရန် နေပြည်တော်-ရန်ကုန်နှင့် ရန်ကုန်-နေပြည် တော် ခရီးစဉ်များအတွက် အထူးရထားပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပုံမှန်ပြေးဆွဲနေသည့်အစုန်၊ အဆန်ရထားများအပါအဝင် အဆိုပါ ရက်များတွင် တစ်ရက်လျှင် နှစ်စင်းနှုန်း ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သီတင်းကျွတ်ရက်အတွင်းပြေးဆွဲပေးမည့် နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွက် အထူးရထားသည် အောက်တိုဘာ ၁၀ ရက်ည ၇ နာရီခွဲတွင် ပြေးဆွဲမည်ဖြစ်ပြီး ကြား ဘူတာများဖြစ်သည့် ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာတို့၌ ရပ်တန့်ပေး မည်ဖြစ်သည်။ အလားတူ နေပြည်တော်-ရန်ကုန် ပုံမှန်ရထားဖြစ်သည့် အမှတ် (၈) အစုန်ရထားသည် ပုံမှန်အချိန်အတိုင်း ည ၉ နာရီ ဖြစ်ပြီး ပုံမှန်ဘူတာများအတိုင်း ရပ်တန့် ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်-နေပြည်တော် အဆန်အထူးရထား ခရီးစဉ်ကိုအောက်တိုဘာ ၁၅ ရက် ည ၈ နာရီတွင် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည်ဖြစ်ပြီး လမ်းပိုင်း ခရီးစဉ်များဖြစ်သည့် တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူဘူတာတို့၌ ရပ်တန့်ပေးသွားမည် ဖြစ်ကာ ပုံမှန်ရထားဖြစ်သည့် အမှတ် (၇) အဆန်ရထားသည် ည ၇ နာရီဖြစ်ပြီး ပုံမှန် ဘူတာများ၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရထားများကို စီးနင်းလိုသည့် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စီးနင်းမည့် အမည်စာရင်းဖြင့် မြန်မာ့မီးရထား ခရီးသွားလာရေးဌာနသို့ စာဖြင့်ခုံနေရာများကို တောင်းခံနိုင်ကြောင်း၊ ထို့ပြင် နေပြည်တော်ဘူတာကြီးနှင့် ရန်ကုန် ဘူတာကြီးတို့ရှိ ရက်ကြိုလက်မှတ်အရောင်းဌာနများ၌ သီတင်းကျွတ်အထူးရထား လက်မှတ်များကို ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
Image may contain: train and outdoor
Image may contain: train and outdoor
<<Zawgyi>>
Monday, October 7, 2019

0 comments:

Post a Comment