Tuesday, October 15, 2019

မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် ဓားပြတိုက်မှုနှင့် ကျပ်သိန်း ၄၀၀ လုယက်မှုနှစ်ခုကို ထောင်ဒဏ်တစ်သက် ကျနိုင်သည့် ဓားပြမှုများဖြင့် တရားစွဲ

Image may contain: 3 people, text
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီခန့်က မင်းရပ်ရပ်ကွက်၊ စျေး ၁ အပေါ်ထပ်ရှိ ကမ္ဘောဇမီနီဘဏ်ဓားပြ မှုကို (ပ) ၁၃/၂၀၁၈ ၊ပုဒ်မ ၃၉၅ ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် တရားစွဲတင်ခဲ့သည်။ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်၊ ကျွန်းပင်းသာ ကုန်းဆင်းတွင် ကားဖြင့်လိုက်ကာ ကျပ်သိန်း ၄၀၀ ယုယက်ခဲ့သည့် ဖြစ်စဉ်ကို (ပ) ၃၉၇/၂၀၁၉၊ ပုဒ် ၃၉၅ ဖြင့် စက်တင်ဘာ ၃၀ ရက်တွင် တရားစွဲတင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများကို ပြစ်မှတ်ထား လုယက်နေသည့်အဖွဲ့က ကျူးလွန်ခဲ့သည့် ပြစ်မှု လေးခုအနက် ကမ္ဘောဇဘဏ်ဓားပြတိုက်မှုနှင့် ကျပ် သိန်း ၄၀၀ လုယက်မှု နှစ်ခုကို ထောင်ဒဏ်တစ်သက်ကျနိုင်သည့် ဓားပြမှုများဖြင့် တရားစွဲတင်ခဲ့ကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းလွင်က ပြောကြားသည်။
မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများကို ပစ်မှတ်ထားလုနေသူများအား သြဂုတ် ၂၆ ရက်တွင် မြစ်ကြီးနားမြို့၊ နောင်ခမ်းရှမ်း ကျေးရွာတွင် စျေးသည်အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးရာတွင် တာဝန်သိပြည်သူတစ်ဦး၏ ခြောက်လှန့်ဖမ်းဆီးမှုကြောင့် စတင်းဖမ်းဆီးနိုင်ခဲ့သည်။
အဆင့်ဆင့် စစ်ဆေးချက်များအရ သြဂုတ် ၆ ရက်က ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ ခဲ့သည့် အေဒင်ရပ်ကွက်မှ အမျိုးသမီးတစ် ဦးထံမှ ကျပ်သိန်း ၂၃၀ ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်လခန့်က လုယက်ခဲ့သည့် ကျပ်သိန်း ၁၂၀ လုယူမှု ဖြစ်စဉ်များကို သြဂုတ် ၂၈ ရက်များတွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်ခဲ့သူများကို မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ) ၄၆၁၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂/ပုဒ် ၁၁၄တို့ဖြင့် အမှုဖွင့် စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။ရိုက်နှက်လုယက်မှုများ၊ ဖောက်ထွင်းမှု များ၊ ဓားထောက်လုယက်မှုများမှာ ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင်သာမက မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်မြို့များတွင် အဖြစ်များနေပြီး အများစုမှာ အဘက်ဘက်မှ ယုံကြည်မှုအားနည်းသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း မရှိကြောင်း သိရသည်။
Image may contain: 3 people, text
Image may contain: one or more people
<<Zawgyi>>
မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် ဓားပြတိုက်မှုနှင့် ကျပ်သိန်း ၄၀၀ လုယက်မှုနှစ်ခုကို ထောင်ဒဏ်တစ်သက် ကျနိုင်သည့် ဓားပြမှုများဖြင့် တရားစွဲ
Wednesday, October 16, 2019

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီခန့်က မင်းရပ်ရပ်ကွက်၊ စျေး ၁ အပေါ်ထပ်ရှိ ကမ္ဘောဇမီနီဘဏ်ဓားပြ မှုကို (ပ) ၁၃/၂၀၁၈ ၊ပုဒ်မ ၃၉၅ ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် တရားစွဲတင်ခဲ့သည်။ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်၊ ကျွန်းပင်းသာ ကုန်းဆင်းတွင် ကားဖြင့်လိုက်ကာ ကျပ်သိန်း ၄၀၀ ယုယက်ခဲ့သည့် ဖြစ်စဉ်ကို (ပ) ၃၉၇/၂၀၁၉၊ ပုဒ် ၃၉၅ ဖြင့် စက်တင်ဘာ ၃၀ ရက်တွင် တရားစွဲတင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများကို ပြစ်မှတ်ထား လုယက်နေသည့်အဖွဲ့က ကျူးလွန်ခဲ့သည့် ပြစ်မှု လေးခုအနက် ကမ္ဘောဇဘဏ်ဓားပြတိုက်မှုနှင့် ကျပ် သိန်း ၄၀၀ လုယက်မှု နှစ်ခုကို ထောင်ဒဏ်တစ်သက်ကျနိုင်သည့် ဓားပြမှုများဖြင့် တရားစွဲတင်ခဲ့ကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းလွင်က ပြောကြားသည်။
မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများကို ပစ်မှတ်ထားလုနေသူများအား သြဂုတ် ၂၆ ရက်တွင် မြစ်ကြီးနားမြို့၊ နောင်ခမ်းရှမ်း ကျေးရွာတွင် စျေးသည်အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးရာတွင် တာဝန်သိပြည်သူတစ်ဦး၏ ခြောက်လှန့်ဖမ်းဆီးမှုကြောင့် စတင်းဖမ်းဆီးနိုင်ခဲ့သည်။
အဆင့်ဆင့် စစ်ဆေးချက်များအရ သြဂုတ် ၆ ရက်က ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ ခဲ့သည့် အေဒင်ရပ်ကွက်မှ အမျိုးသမီးတစ် ဦးထံမှ ကျပ်သိန်း ၂၃၀ ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်လခန့်က လုယက်ခဲ့သည့် ကျပ်သိန်း ၁၂၀ လုယူမှု ဖြစ်စဉ်များကို သြဂုတ် ၂၈ ရက်များတွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်ခဲ့သူများကို မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ) ၄၆၁၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂/ပုဒ် ၁၁၄တို့ဖြင့် အမှုဖွင့် စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။ရိုက်နှက်လုယက်မှုများ၊ ဖောက်ထွင်းမှု များ၊ ဓားထောက်လုယက်မှုများမှာ ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင်သာမက မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်မြို့များတွင် အဖြစ်များနေပြီး အများစုမှာ အဘက်ဘက်မှ ယုံကြည်မှုအားနည်းသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း မရှိကြောင်း သိရသည်။

0 comments:

Post a Comment