Tuesday, October 15, 2019

တရုတ်နိုင်ငံတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ

Image may contain: 1 person, standing and suit

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင်ကျင်းပမည့် (၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော မြန်မာ့ တပ်မတော် အားကစား အဖွဲ့သည် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ တပ်မတော်အား ကစားပြိုင်ပွဲကို အားကစားနည်း (၂၉)မျိုးဖြင့် အောက်တိုဘာ ၁၈ ရက်မှ ၂၇ ရက် နေ့ထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၃၇နိုင်ငံမှ တပ်မတော်သား အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ မြန်မာ့ တပ်မတော် အားကစားအဖွဲ့မှ ဂျူဒို၊ လက်ဝှေ့၊ ပြေးခုန်ပစ်နှင့် သေနတ်ပစ် အားကစားနည်း လေးမျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော် အားကစား အဖွဲ့တွင် နည်းပြ ရှစ်ဦး၊ အားကစားသမား ၄၄ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၆၆ ဦး လိုက်ပါသွားကြကြောင်း သတင်းရရှိ သည်။
<zawgyi>
တရုတ်နိုင်ငံတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ
Wednesday, October 16, 2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင်ကျင်းပမည့် (၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော မြန်မာ့ တပ်မတော် အားကစား အဖွဲ့သည် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ တပ်မတော်အား ကစားပြိုင်ပွဲကို အားကစားနည်း (၂၉)မျိုးဖြင့် အောက်တိုဘာ ၁၈ ရက်မှ ၂၇ ရက် နေ့ထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၃၇နိုင်ငံမှ တပ်မတော်သား အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ မြန်မာ့ တပ်မတော် အားကစားအဖွဲ့မှ ဂျူဒို၊ လက်ဝှေ့၊ ပြေးခုန်ပစ်နှင့် သေနတ်ပစ် အားကစားနည်း လေးမျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော် အားကစား အဖွဲ့တွင် နည်းပြ ရှစ်ဦး၊ အားကစားသမား ၄၄ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၆၆ ဦး လိုက်ပါသွားကြကြောင်း သတင်းရရှိ သည်။

0 comments:

Post a Comment