Monday, October 7, 2019

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သော ဖြိုးပြည့်စုံနှင့် တေးရေးဆရာ ၂ ဦးကိုမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု့ဖြင့် ဖမ်းဆီး

Image may contain: 1 person, closeupImage may contain: 3 people, people standing and shoes
အောက်တိုဘာလ ၇ ရက် ည ၁၁ နာရီခွဲခန့်တွင် နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့် ဖြိုးပြည့်စုံနှင့်တေးရေးဆရာ ၂ ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု့ဖြင့်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ရဲမှူးသိန်းဝင်းက မီဒီယာများသို့အတည်ပြု ပြောကြားလိုက်သည်။

ဖြစ်စဉ်မှာ မနေ့က(အောက်တိုဘာလ ၇ရက်) ညနေ ၆နာရီကျော်ခန့်က ရန်ကုန် မြို့ မြန်မာပလာဇာရှိကော်ဖီဆိုင်တစ်ခုတွင် လူအချို့ကို အရပ်ဝတ်ဖြင့်အမျိုးသားများကဝင်ရောက်ဖမ်းဆီးခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှု့ကွန်ရက်တွင် ပျံ့နှံံ့ခဲ့သည်။ ထိုကဲ့သို့ ဖမ်းဆီးခံခဲ့ရသူများထဲတွင် အဆိုတော် ဖြိုးပြည့်စုံပါဝင်နေပြီး မူးယစ်ဆေးဝါးအမှု့ဖြင့်ဖမ်းဆီးခြင်းဖြစ်သည်ဟု သတင်းထွက်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက် ည ၁၁ နာရီခွဲခန့်တွင် မီဒီယာများ၏ မေးမြန်းမှု့အား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးက အတည်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာ သူတို့ကို ဗဟန်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး အစစ်အမှန်ဖြစ်မဖြစ် စစ်ဆေးဆဲ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံကိုယ်တိုင် ထိုင်းက ဝယ်လာတာလို့ထွက်ဆိုပြီး မူးယစ်ဆေးမဟုတ်ဟု ငြင်းဆိုထားပါသည်။
အဆိုတော်ဖြိုးပြည့်စုံအပါအဝင် ၃ ဦးကို မူးယစ်ဆေးဝါးပုဒ်မ ၁၉ (က)/၂၁ ဖြင့် ဗဟန်းရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သတင်းအရ မူးယစ်အဖွဲ့က မြန်မာပလာဇာတွင် သွားရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုတော် ဖြိုးပြည့်စုံလည်း ပါဝင်ကြောင်း၊ ကျန် ၂ ဦးမှာ ငြိမ်းချမ်းကိုနှင့် ရော်နီဆန်းလွင်ဟု ခေါ်ဆိုသည့် တေးရေးဆရာများဖြစ်သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူ းသိန်းဝင်းက အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။
Image may contain: 1 person, standing
Image may contain: 3 people, people sitting
<<Zawgyi>>
Tuesday,October 8 ,2019

0 comments:

Post a Comment