Tuesday, October 8, 2019

ဂျပန်သင်္ဘောနှင့် မြောက်ကိုရီးယားငါးဖမ်းလှေတို့ တိုက်မိခဲ့ပြီးနောက် မြောက်ကိုရီးယား ငါးဖမ်းလုပ်သားများကို ဂျပန်ကယ်ဆယ်

Image may contain: ocean, outdoor, water and natureImage may contain: ocean, sky, outdoor, water and nature
ငါးခိုးဖမ်းသူများဖြင့် ပြည့်နှက်နေသည့် ဧရိယာအတွင်း၌ ဂျပန်ကင်းလှည့် သင်္ဘောတစ်စင်းနှင့် မြောက်ကိုရီးယား ငါးဖမ်းလှေတို့ အောက်တိုဘာ ၇ ရက်က တိုက်မိခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့သည့် ငါးဖမ်းလှေပေါ်မှ မြောက်ကိုရီးယား ငါးဖမ်းလုပ်သား ၆ဝ ခန့်ကို ကယ်ဆယ်ခဲ့ကြောင်း ဂျပန် အာဏာပိုင်များက ပြောကြားခဲ့သည်။

ဂျပန် မြောက်ဘက်ကမ်းခြေရှိ စီးပွားရေးဇုန်၌ ဂျပန်ငါးလုပ်ငန်းအေဂျင်စီ ထောက်လှမ်းရေး သင်္ဘောတစ်စင်းနှင့် မြောက်ကိုရီးယားငါးဖမ်း လှေတို့တိုက်မိပြီးနောက် လှေပေါ် လိုက်ပါလာသူ ၂ဝ ခန့် ရေထဲကျသွားခဲ့ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့ အာဏာပိုင်များက အစောပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဂျပန်အာဏာပိုင်များသည် ယခင် ခန့်မှန်းထားသည်ထက် ပိုများသည့် ငါးဖမ်းလုပ်သားများကို ကယ်ဆယ်ခဲ့ရကြောင်း ပြန်လည်ပြောကြားခဲ့သည်။ လတ်တလောတွင် ပျောက်ဆုံး နေသူမရှိကြောင်း သိရသည်။
ယာမာတိုတိုင် ဧရိယာအတွင်း၌ သင်္ဘောနှင့် လှေတိုက်မိခဲ့ပြီးနောက် မြောက်ကိုရီးယား ငါးဖမ်းလှေသည် နာရီဝက်ခန့် ကြာပြီးနောက် နစ်မြုပ် သွားခဲ့သည်။
မြောက်ကိုရီးယား ငါးဖမ်းလှေသည် မတော်တဆတိုက်မိမှုဖြစ်ပွားချိန်တွင် ဂျပန်စီးပွားရေးဇုန်အတွင်းသို့ ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဂျပန်ကင်းလှည့်သင်္ဘောက အဆိုပါဧရိယာအတွင်းမှ ထွက်ခွာသွားရန် သတိပေးခဲ့ကြောင်း ငါးဖမ်းလုပ်ငန်းအေဂျင်စီအာဏာပိုင် ဆာတိုရှီကူဝါ ဟာရာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

<<Zawgyi>>
Wednesday,October 9 ,2019

#MDN

0 comments:

Post a Comment