Thursday, October 3, 2019

ဆန္ဒပြပွဲများ အရှိန်မြင့်လာသောကြောင့် အီကွေဒေါတွင် အရေးပေါ်အခြေအနေ ကြေညာ

Image may contain: 4 people, people standing and outdoor
အီကွေဒေါ နိုင်ငံတွင်လက်တလော ဖြစ်ပွားနေသော ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာမှုကြောင့်အီကွေဒေါနိုင်ငံတွင် သမ္မတ လီနင်မိုရီနိုက အောက်တိုဘာလ ၃ ရက်နေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဆန္ဒပြပွဲသည် အီကွေဒေါနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး ဆန္ဒပြမှုဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍမှစတင်ခဲ့ပြီး ကျောင်းသားများနှင့် တခြားအဖွဲ့အစည်းတွေလည်း ပါဝင်လာခဲ့ကာ အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုမှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ရကြောင်းသိရှိရသည်။
ဒီဇယ် တစ်ဂါလံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဒေါ်လာကနေ ၂ ဒသမ ၃၀ ဒေါ်လာကို တက်သွားပြီး ဓာတ်ဆီက တစ်ဂါလံကို ၁ ဒသမ ၈၅ ဒေါ်လာကနေ ၂ ဒသမ ၄၀ ဒေါ်လာကို တက်သွားပြီးတဲ့နောက် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စီးပွားရေး ကျဆင်းမှုတွေနဲ့လည်း ရင်ဆိုင်နေကြောင်းသိရသည်။
Image may contain: 2 people, people standing, crowd, shoes and outdoor
Ref-#AFP

<<Zawgyi>>
Friday, October 4, 2019
အီကွေဒေါ နိုင်ငံတွင်လက်တလော ဖြစ်ပွားနေသော ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာမှုကြောင့်အီကွေဒေါနိုင်ငံတွင် သမ္မတ လီနင်မိုရီနိုက အောက်တိုဘာလ ၃ ရက်နေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်းသိရသည်။
ဆန္ဒပြပွဲသည် အီကွေဒေါနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး ဆန္ဒပြမှုဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍမှစတင်ခဲ့ပြီး ကျောင်းသားများနှင့် တခြားအဖွဲ့အစည်းတွေလည်း ပါဝင်လာခဲ့ကာ အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုမှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ရကြောင်းသိရှိရသည်။
ဒီဇယ် တစ်ဂါလံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဒေါ်လာကနေ ၂ ဒသမ ၃၀ ဒေါ်လာကို တက်သွားပြီး ဓာတ်ဆီက တစ်ဂါလံကို ၁ ဒသမ ၈၅ ဒေါ်လာကနေ ၂ ဒသမ ၄၀ ဒေါ်လာကို တက်သွားပြီးတဲ့နောက် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စီးပွားရေး ကျဆင်းမှုတွေနဲ့လည်း ရင်ဆိုင်နေကြောင်းသိရသည်။
Ref-#AFP

0 comments:

Post a Comment