Monday, October 7, 2019

၂၀၁၉ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ နိုဘယ်ဆုကို သိပ္ပံပညာရှင် သုံးဉီး ပူးတွဲ ဆွတ်ခူး

Image may contain: 3 people, people smiling, people sitting and indoor

ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ ကဏ္ဍတွင် ၂၀၁၉ ခုနှစ်အတွက် နိုဘယ်ဆု ကို သိပ္ပံပညာရှင် သုံးဉီး ပူးတွဲ ဆွတ်ခူးရရှိကြောင်း နိုဘယ်ဆု ကော်မတီ က တနင်္လာနေ့ က ထုတ်ပြန်ကြေညာသည်။

၎င်းဆုကို ဝီလီယမ် ဂျီ ကေလင်၊ ဂျူနီယာ ပီတာ ရတ်ကလစ်ဖ် နှင့် ဂရက် အယ်လ် ဆီမန် ဇာ တို့အား ဆဲလ်များ အာရုံခံစားပုံနှင့် အောက်ဆီဂျင် ရရှိမှု အပေါ် ပြောင်းလဲပုံ နှင့်ပတ်သက်၍ ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုကြောင့် ပူးတွဲ ပေးအပ်ချီးမြှင့်ကြောင်း ကာရိုလင်စကာ သိပ္ပံ၌ နိုဘယ်အဖွဲ့ က ပြောကြားသည်။
၂၀၁၉ ဆေးပညာနိုဘယ်ဆုရှင် သုံးဉီးသည် ပြောင်းလဲနေသည့် အောက်ဆီဂျင် ပမာဏကို တုံ့ပြန်၍ မျိုးစေ့ဗီဇ ၏ လုပ်ဆောင်ချက်ကို ထိန်းချုပ်သည့် မော်လီကျူး ယန္တရားကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကော်မတီ က ပြောကြားသည်။
နိုဘယ်အဖွဲ့နှင့် နိုဘယ်ကော်မတီ အထွေထွေ အထွေထွေ အတွင်းရေးမှူးချုပ် သောမတ်စ် ပါးလ်မန်း က နိဘယ်ဆုရှင် သုံးဉီးစလုံးနှင့် အဆက်အသွယ်ရရှိကြောင်း၊ ၎င်းတို့သည် အလွန် ဝမ်းသာနေကြောင်း ၊ ဆုပူးတွဲရရှိမှုအပေါ် အလွန်ဝမ်းသာကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အောက်ဆီဂျင် အာရုံခံခြင်းသည် ရောဂါအများအပြားအတွက် အချက်အခြာ ကျကြောင်း၊ ယခုနှစ် နိုဘယ်ဆုရှင်များ၏ ရှာဖွေတွေ့ရှိမှုသည် ဇီဝကမ္မဗေဒအတွက် အလွန် အရေးပါကြောင်း၊ သွေးအားနည်းရောဂါ၊ ကင်ဆာနှင့် အခြားရောဂါများကို တိုက်ဖျက်ရန်အတွက် နည်းဗျူဟာ အသစ်များ ရရှိရန် လမ်းခင်းပေးခဲ့ပြီဖြစ်ကြောင်း ကော်မတီက ပြောသည်။
ယခုနှစ် နိုဘယ်ဆု မှာ အမေရိကန် ဒေါ်လာ တစ်သန်းခန့် ရှိသည့် ဆွီဒင် ကိုရိုနာငွေ ကိုးသန်း ဖြစ်သည်။ ၎င်းဆုကြေးငွေကို နိုဘယ်ဆုရှင် သုံးဉီး အညီအမျှ ခွဲဝေ ရရှိကြမည်ဖြစ်ကြောင်း သိရသည်။
Ref ; ဆင်ဟွာ
<zawgyi>
၂၀၁၉ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ နိုဘယ်ဆုကို သိပ္ပံပညာရှင် သုံးဉီး ပူးတွဲ ဆွတ်ခူး
Tuesday,October 8 ,2019

#Myanmar_Online_News

0 comments:

Post a Comment