Tuesday, October 8, 2019

တရုတ်ပြည်မကြီးအကူအညီမလိုသေးဘဲ အုပ်ချုပ်နိုင်သေးကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ပြော

Image may contain: 1 person, smiling, eyeglasses, night, child, closeup and outdoorImage may contain: one or more people and crowd
ဟောင်ကောင်မှာ ဆန္ဒပြပွဲများမှာ လေးလ ကြာမြှင့်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ဆန္ဒပြပွဲဟာ မြေအောက်ရထားဘူတာရုံများ နဲ့ တရုတ်ပြည်မကြီးနဲ့ပတ်သတ်တဲ့ ဆိုင်များကို တိုက်ခိုက် ဖျက်ဆီးခြင်းများ လုပ်ဆောင်သလို လမ်းများ ပေါ်မှာ မီးရှို့ခြင်း နဲ့ ပိတ်ဆို့ခြင်း လုပ်ဆောင်တာကို တွေ့ရပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ပြီးခဲ့တဲ့သောကြာနေ့က နှစ်ပေါင်း ၅၀ ကျော် အသုံးမပြုခဲ့တဲ့ ကိုလိုနီခေတ်က အရေးပေါ်ဥပဒေဖြစ်တဲ့ မျက်နှာကို ဖုံးအုပ်ထားရင်ဖမ်းဆီးပြီး ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ဟောင်ကောင်ဒေါ်လာ ၂၅၀၀၀ ကျခံစေတဲ့ ဥပဒေကို ပြန်လည်အသက်သွင်းမယ်လို့ ပြောဆိုပြီးနောက်ပိုင်း အခုလို တိုက်ခိုက်ဖျက်ဆီးတဲ့ဆန္ဒပြပွဲတွေ ဖြစ်လာတာဖြစ်ပါတယ်။
စနေ၊ တနင်္ဂနွေကဖြစ်ခဲ့ ဆန္ဒပြပွဲနဲ့ ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူး ကယ်ရီးလန်းက ဒီကနေ့ သတင်းထောက်များနဲ့ တွေ့ဆုံရာတွင် ဟောင်ကောင်ပြဿနာကို သူဖြေရှင်းနိုင်သေးလို့ ယုံကြည်သေးကြောင်း၊ ဒါပေမယ့် ဒီထက် အခြေအနေတွေက ဆိုးရွားလာလို့ ရွေးစရာမရှိတဲ့အခြေအနေရောက်ရင် တရုတ်ပြည်မကြီးကို အကူအညီတောင်း ရနိုင်ကြောင်း ပြောသွားပါတယ်။
မျက်နှာဖုံး တပ်ဆင်ခြင်းကို တားမြစ်တဲ့ဥပဒေကို ပြန်လည်အသက်သွင်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် ကယ်ရီလန်းဟာ ဝေဖန်ခံနေရပါတယ်။ ၂၀၀၃ ခုနှစ်က ဟောင်ကောင်မှာ ဆားရောဂါ ပျံ့ပွားခဲ့တဲ့အတွက် မျက်နှာဖုံးတပ်ဆင်ခြင်း ကျယ်ပြန့်လာပါတယ်။
တရားမဝင်တဲ့ လူစုလူဝေးမှာ ပါဝင်ခြင်းအတွက် တက္ကသိုလ်ကျောင်းသားတစ်ဦးနဲ့ အသက်၃၈နှစ် အရွယ် အမျိုးသမီးတစ်ဦး တို့ကို မနေ့က တရားရုံးတစ်ရုံးမှာ ထာင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီတရားရုံးကို မျက်နှာဖုံးတပ်ထားသူတွေက တရားစီရင်ချက်ချမှတ်စဉ်မှာ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဦးစလုံး အာမခံဖြင့် လွှတ်မြောက်ခဲ့ပါတယ်။
အဲဒီမျက်နှာဖုံးအပ်ခြင်း ဥပဒေနဲ့ ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူးက ဥပဒေအသစ်တစ်ခု အပြည့်အဝ အသက်ဝင်ဖို့ဆိုရာ မှာ အချိန်လိုအပ်ကြောင်း ပြောဆိုပါတယ်။
စနေနဲ့တနင်္ဂနွေနေ့က ဆန္ဒပြပွဲအတွင်းမှာ ဒဏ်ရာရရှိသူ ၁၃ ဦးရှိရာ ဆေးရုံမှာ ဆေးကုခံခဲ့ခြင်း၊ သုံးဦးက ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ၁၀ ဦးရဲ့ အခြေအနေမှာ တည်ငြိမ်ကြောင်း ဆေးရုံမှတာဝန်ရှိသူက ပြောပါတယ်။
Image may contain: shoes and outdoor
Image may contain: 3 people, people smiling, people standing and crowd
<<Zawgyi>>
Tuesday,October 8 ,2019

0 comments:

Post a Comment