Monday, October 7, 2019

စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးနေသော မြန်မာနိုငံရဲ့ အကြီးမားဆုံး ဗုဒ္ဓသမီးတော်များ သီလရှင် စာသင်တိုက်🙏🙏🙏

Image may contain: 1 personNo photo description available.

စစ်ကိုင်း သကျဓီတာ (ဗုဒ္ဓသမီးတော်များ) စာသင်တိုက် ဖြစ်ပါတယ်။ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူ သီလရှင်( သိက္ခာရှင်) ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။

တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်း ရှိတယ်။ ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။
မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြမိပါတယ်။( အောက်က ကဗျာလေး ဖတ်ပြီး မျက်ရည်ဝဲမိပါတယ် )
မိန်းကလေးပဲလေ မိန်းကလေးပဲလေ လှချင်ရက် စက်စက်ယို၊ ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊ ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့။
မိန်းကလေးပဲလေ… ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊ စိန်နားကပ်ကြီး နားမှာပန်၊ ရွှေငွေကား အခြံအရံတွေနဲ့ မမော်ဘဲ၊ ဣန္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့။
မိန်းကလေးပဲလေ… ချစ်သူရင်ခွင် ခိုဝင်ယုယ၊ အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊ အနုသယ နီဝရဏတရားတွေကိုပယ်၊ ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူတွေပေါ့။
မိန်းမမြတ်တို့ရဲ့ သိက္ခာတရား၊ ဆံကေသာနဲ့ သနပ်ခါးကို ပယ်၊ လမ်းတကာအလယ် ဆွမ်းဆန်ရပ်၊ လူတကာရဲ့ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊ မြတ်ဗုဒ္ဓ သာသနာ့လမ်းစဉ်ကို ရှု၊ ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူတွေပေါ့။
ရဟန်းတော် သာမဏေတွေနဲ့ မခြား၊ မိန်းမမြတ်တို့ရဲ့ စံပြနှလုံးသားမှာ၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ပရဟိတ၊ စွမ်းနိုင်သလို သာသနာပြုဂုဏ်ဆောင်ကြပေါ့။
သူတို့သူတို့ သူတို့သည်၊ သာသနာ့အနွယ်တော်ဝင် သီလရှင်တဲ့၊ ဘုရားရှင်ချမှတ်ခဲ့တဲ့ သူတော်စင်လမ်း၊ အပျော်တွေစွန့်ပြီး ထမ်းရွက်ခဲ့ကြ၊ ဘယ်အချိန်ကြည့်ကြည့် မနွမ်းလျတယ့်၊ “မဟာတော်ဝင် ပန်းအလှ” တွေပဲပေါ့။
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း ကြည်ညိုသဒ္ဒါပွားစေရန် ပြန်လည်မျှဝေပေးလိုက်ရပါတယ်.....
Image may contain: one or more people
No photo description available.
Image may contain: one or more people
No photo description available.
#သကျဓီတာသီလရှင်စာသင်တိုက်၊ နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့ Ph -092130606၊ 09792130606၊ 09791119777

<<Zawgyi>>
Tuesday,October 8 ,2019

#Myanmar_Online_News

0 comments:

Post a Comment