Friday, October 4, 2019

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးဒဏ်ရာရပြီး တစ်ဦးပျောက်ဆုံးနေ

အောက်တိုဘာ(၃)ရက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောင်းကျေးရွာအနီးရှိရတနာအဓိပတိလုပ်ကွက်အနီးတွင် ရေမဆေးကျောက်ရှာဖွေနေချိန် အမြင့်(၇၀)ပေခန့်ရှိသော အပေါ်မှမြေစာများ ရုတ်တရက်ပြိုကျလာပြီး ရေမဆေးကျောက်ရှာဖွေသူ နော်ထွယ်(၂၁)နှစ်၊ သီဟ(၃၂)နှစ်နဲ့ ရန်ကဲအောင်(၃၂)နှစ်တို့ကို မြေစာခဲနဲ့ ကျောက်ခဲတွေထိမှန်ခဲ့ကာ အဆိုပါ မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူ နှစ်ယောက် ဒဏ်ရာအနည်းငယ်ရခဲ့ပြီး တစ်ယောက် ရေထဲနစ်မြုပ် ပျောက်ဆုံးခဲ့ကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှပြောကြားခဲ့ကြောင်းသိရပါသည်။

အဆိုပါ မြေစာပုံပြိုကျခဲ့ကာ မြေစာတွေနဲ့ကျောက်ခဲတွေထိမှန်တာကြောင့် နော်ထွယ်နဲ့ သီဟနှစ်တို့မှာ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး ရန်ကဲအောင်ကတော့ ရေကန်အတွင်းကိုပြုတ်ကျပျောက်ဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ၊ ဖားကန့်မြို့သင်္ခါလူမှုကူညီရေးအသင်းဝင်များမှ သွားရောက်ပြီး ဒဏ်ရာရရှိသူနှစ်ယောက်ကို ဖားကန့်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ရေကန်အတွင်းပြုတ်ကျပျောက်ဆုံးနေသော ရန်ကဲအောင်ကို ရှာဖွေမှုတွေဆက်လက်ပြုလုပ်နေကြောင်းသိရှိရပါသည်။
Image may contain: outdoor, water and nature
Image may contain: one or more people, outdoor, nature and water
<<Zawgyi>>
Friday, October 4, 2019
အောက်တိုဘာ(၃)ရက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောင်းကျေးရွာအနီးရှိရတနာအဓိပတိလုပ်ကွက်အနီးတွင် ရေမဆေးကျောက်ရှာဖွေနေချိန် အမြင့်(၇၀)ပေခန့်ရှိသော အပေါ်မှမြေစာများ ရုတ်တရက်ပြိုကျလာပြီး ရေမဆေးကျောက်ရှာဖွေသူ နော်ထွယ်(၂၁)နှစ်၊ သီဟ(၃၂)နှစ်နဲ့ ရန်ကဲအောင်(၃၂)နှစ်တို့ကို မြေစာခဲနဲ့ ကျောက်ခဲတွေထိမှန်ခဲ့ကာ အဆိုပါ မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူ နှစ်ယောက် ဒဏ်ရာအနည်းငယ်ရခဲ့ပြီး တစ်ယောက် ရေထဲနစ်မြုပ် ပျောက်ဆုံးခဲ့ကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှပြောကြားခဲ့ကြောင်းသိရပါသည်။
အဆိုပါ မြေစာပုံပြိုကျခဲ့ကာ မြေစာတွေနဲ့ကျောက်ခဲတွေထိမှန်တာကြောင့် နော်ထွယ်နဲ့ သီဟနှစ်တို့မှာ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး ရန်ကဲအောင်ကတော့ ရေကန်အတွင်းကိုပြုတ်ကျပျောက်ဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ၊ ဖားကန့်မြို့သင်္ခါလူမှုကူညီရေးအသင်းဝင်များမှ သွားရောက်ပြီး ဒဏ်ရာရရှိသူနှစ်ယောက်ကို ဖားကန့်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ရေကန်အတွင်းပြုတ်ကျပျောက်ဆုံးနေသော ရန်ကဲအောင်ကို ရှာဖွေမှုတွေဆက်လက်ပြုလုပ်နေကြောင်းသိရှိရပါသည်။

0 comments:

Post a Comment