Monday, October 7, 2019

(၈) ကြိမ်မြောက် အောင်ဘာလေသိန်းတစ်ထောင်ဆု အငြင်းပွားမှုများဖြစ်ပြီး ထီးရောင်းသူအား ထီထိုးသားသူမှ လိမ်လည်မှုဖြင့် အမှုဖွင့်


(၈)ကြိမ်မြောက် အောင်ဘာလေထီဆုတွင် ကျပ်သိန်းတစ် ထောင်ဆုမဲထီလက်မှတ်နှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားပြီး ထီထိုးသူက ထီဆိုင်ပိုင်ရှင်ကို လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့သည်။

မန္တလေးမြို့တွင်နေထိုင်သော မဇင်ဇင်သည် စက်တင်ဘာ ၂၉ ရက် က သူငယ်ချင်းဖြစ်သူ ထီကိုယ်စားလှယ်မစန်းအိခိုင်ထံမှ ထီလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့်မှာယူကာ စက်တင်ဘာ ၃၀ ရက်တွင် လူကိုယ်တိုင် ထီလက်မှတ်ဖိုး သွားရောက်ပေးခဲ့ကြောင်း ပြောသည်။
မဇင်ဇင်အတွက် ထီလက်မှတ်ကို မင်းကွန်းတိုက်နယ် မြသိန်း တန်စေတီအနီးရှိ ဒေါ်မို့မို့တင်ဆိုင်၏ ထီဆိုင်တွင် ဖုန်းဖြင့် ဆက်သွယ်မှာ ယူခဲ့ကြောင်း မစန်းအိခိုင်က ပြောသည်။
သိန်းတစ်ထောင်ပေါက်မဲ နံပါတ်သည် ကခ-၁၂၃၅၉၃ ဖြစ် ပြီး အောက်တိုဘာ ၁ ရက်တွင် မစန်းအိခိုင်က ၎င်းဝယ်ယူထား သောထီမှာ ကျပ်သိန်းတစ်ထောင် ပေါက်ကြောင်းပြောဆိုကာ ထီ လက်မှတ်တောင်းခံရာ အလွယ် တကူပေး၍ မရကြောင်း၊ ကျပ် သိန်းတစ်ထောင်ဖြစ်၍ အကျိုးခံ စားခွင့်များ မည်မျှရှိသည်ကို မေး မြန်းရဦးမည်ဖြစ်ကြောင်း၊ ၎င်းနှင့် ကျပ်သိန်းငါးရာစီခွဲယူ၍လည်း ရ ပါကြောင်း ထီဆိုင်ပိုင်ရှင်၏ အစ်မဖြစ်သူ ဒေါ်မီမီတင်ဆိုင်က ပြန်လည်ပြောဆိုခဲ့သည်ဟု မစန်း အိခိုင်က ပြောသည်။
ယင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်တွင် မင်း ကွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ မဇင်ဇင်က သွားရောက် ညှိနှိုင်းခဲ့သော်လည်း ထီဆိုင်ပိုင် ရှင်၏ အစ်မဖြစ်သူရောက်လာပြီး ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု မဇင်ဇင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အောက်တိုဘာ ၇ ရက် တွင် မဇင်ဇင်က တရားလိုပြုလုပ် ပြီး မစန်းအိခိုင်က အသိသက်သေ ပြုလုပ်ကာ မင်းကွန်းတိုက်နယ် ရဲစခန်း၌ လိမ်လည်မှုဖြင့် အမှု ဖွင့်ထားကြောင်း အဆိုပါရဲစခန်း မှူးရဲမှူးဝင်းနိုင်က ပြောသည်။
ထီပေါက်သူသည် ဆုရ လက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေထုတ်ခွင့်ရှိပြီး ထီလက်မှတ် ဝယ်ယူကြောင်း၊ ပိုင်ဆိုင် ကြောင်း၊ ပျောက်ဆုံးသွား ကြောင်းတို့နှင့်စပ်လျဉ်းသော အချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများစသည်တို့ကို အောင်ဘာလေသိန်းဆုဌာနခွဲက လက်ခံစဉ်းစားပေးမည်မဟုတ်ဘဲ ဆုရလက်မှတ်တင်ပြသူကိုသာလျှင် ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက စည်းကမ်းချက် ထုတ်ပြန်ထားသည်။
ပရိသတ်ကြီးအနေနဲ့လည်း ‌‌ဝေဖန်သုံးသပ်ပေးကြပါအုံးနော်??????
Image may contain: 1 person, sitting, standing and indoor
Image may contain: one or more people, people sitting and indoor
Image may contain: one or more people and people sitting
<zawgyi>
(၈) ကြိမ်မြောက် အောင်ဘာလေသိန်းတစ်ထောင်ဆု အငြင်းပွားမှုများဖြစ်ပြီး ထီးရောင်းသူအား ထီထိုးသားသူမှ လိမ်လည်မှုဖြင့် အမှုဖွင့်
Tuesday,October 8 ,2019

(၈)ကြိမ်မြောက် အောင်ဘာလေထီဆုတွင် ကျပ်သိန်းတစ် ထောင်ဆုမဲထီလက်မှတ်နှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားပြီး ထီထိုးသူက ထီဆိုင်ပိုင်ရှင်ကို လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့သည်။
မန္တလေးမြို့တွင်နေထိုင်သော မဇင်ဇင်သည် စက်တင်ဘာ ၂၉ ရက် က သူငယ်ချင်းဖြစ်သူ ထီကိုယ်စားလှယ်မစန်းအိခိုင်ထံမှ ထီလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့်မှာယူကာ စက်တင်ဘာ ၃၀ ရက်တွင် လူကိုယ်တိုင် ထီလက်မှတ်ဖိုး သွားရောက်ပေးခဲ့ကြောင်း ပြောသည်။
မဇင်ဇင်အတွက် ထီလက်မှတ်ကို မင်းကွန်းတိုက်နယ် မြသိန်း တန်စေတီအနီးရှိ ဒေါ်မို့မို့တင်ဆိုင်၏ ထီဆိုင်တွင် ဖုန်းဖြင့် ဆက်သွယ်မှာ ယူခဲ့ကြောင်း မစန်းအိခိုင်က ပြောသည်။
သိန်းတစ်ထောင်ပေါက်မဲ နံပါတ်သည် ကခ-၁၂၃၅၉၃ ဖြစ် ပြီး အောက်တိုဘာ ၁ ရက်တွင် မစန်းအိခိုင်က ၎င်းဝယ်ယူထား သောထီမှာ ကျပ်သိန်းတစ်ထောင် ပေါက်ကြောင်းပြောဆိုကာ ထီ လက်မှတ်တောင်းခံရာ အလွယ် တကူပေး၍ မရကြောင်း၊ ကျပ် သိန်းတစ်ထောင်ဖြစ်၍ အကျိုးခံ စားခွင့်များ မည်မျှရှိသည်ကို မေး မြန်းရဦးမည်ဖြစ်ကြောင်း၊ ၎င်းနှင့် ကျပ်သိန်းငါးရာစီခွဲယူ၍လည်း ရ ပါကြောင်း ထီဆိုင်ပိုင်ရှင်၏ အစ်မဖြစ်သူ ဒေါ်မီမီတင်ဆိုင်က ပြန်လည်ပြောဆိုခဲ့သည်ဟု မစန်း အိခိုင်က ပြောသည်။
ယင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်တွင် မင်း ကွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ မဇင်ဇင်က သွားရောက် ညှိနှိုင်းခဲ့သော်လည်း ထီဆိုင်ပိုင် ရှင်၏ အစ်မဖြစ်သူရောက်လာပြီး ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု မဇင်ဇင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အောက်တိုဘာ ၇ ရက် တွင် မဇင်ဇင်က တရားလိုပြုလုပ် ပြီး မစန်းအိခိုင်က အသိသက်သေ ပြုလုပ်ကာ မင်းကွန်းတိုက်နယ် ရဲစခန်း၌ လိမ်လည်မှုဖြင့် အမှု ဖွင့်ထားကြောင်း အဆိုပါရဲစခန်း မှူးရဲမှူးဝင်းနိုင်က ပြောသည်။
ထီပေါက်သူသည် ဆုရ လက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေထုတ်ခွင့်ရှိပြီး ထီလက်မှတ် ဝယ်ယူကြောင်း၊ ပိုင်ဆိုင် ကြောင်း၊ ပျောက်ဆုံးသွား ကြောင်းတို့နှင့်စပ်လျဉ်းသော အချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများစသည်တို့ကို အောင်ဘာလေသိန်းဆုဌာနခွဲက လက်ခံစဉ်းစားပေးမည်မဟုတ်ဘဲ ဆုရလက်မှတ်တင်ပြသူကိုသာလျှင် ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက စည်းကမ်းချက် ထုတ်ပြန်ထားသည်။
ပရိသတ်ကြီးအနေနဲ့လည်း ‌‌ဝေဖန်သုံးသပ်ပေးကြပါအုံးနော်??????

0 comments:

Post a Comment