Sunday, October 6, 2019

ဟောင်ကောင်ဆန္ဒပြပွဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲခဲ့

Image may contain: one or more people, people standing and outdoorImage may contain: one or more people and crowd
ဟောင်ကောင်တွင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူများကို မျက်နှာဖုံးတွေ မတပ်ဆင်ရန် အစိုးရက အရေးပေါ်ဥပဒေ ထုတ်ပြန်ခဲ့သော်လည်း မအောင်မြင်ဘဲ ထောင်နဲ့ချီတဲ့ မျက်နှာဖုံးတပ် ဆန္ဒပြသူတွေ မိုးသည်းထန်နေတဲ့ကြားက လမ်းတွေပေါ်ထွက်လာခဲ့ကြလို့ တချို့နေရာတွေမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲခဲ့ကြောင်းသိရသည်။

ဆန္ဒပြသူတွေကို မျက်နှာဖုံး မတပ်ဆင်ဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ဗြိတိသျှကိုလိုနီခေတ်က အရေးပေါ်ဥပဒေကို သုံးစွဲပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေဟာ ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အခြာနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာဖြစ်လို့ မျက်ရည်ယိုဗုံးသုံးစွဲ လူစုခွဲစရာ အကြောင်းမရှိဟု ဝေဖန်သူတွေက ပြောကြားခဲ့သည်။
အောက်တိုဘာလ ၅ ရက် သောကြာနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား အကြမ်းဖက်တာတွေဖြစ်ခဲ့လို့ သွားလာရေးတွေ ရပ်တန့်ခဲ့ပေမယ့် အခုတော့ ပုံမှန်ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်းသိရပါသည်။
Ref-#AFP

<<Zawgyi>>
Monday, October 7, 2019

0 comments:

Post a Comment