Thursday, October 3, 2019

စီမံကိန်းကာလ ၃ နှစ်နဲ့ ၅ လကြာမြင့်မည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း စတင်

Image may contain: sky, cloud, tree, plant, outdoor and natureImage may contain: one or more people, sky, outdoor, nature and water
ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အပိုင်း(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ မီးရထားလမ်း ပိုင်းအဆင့်မြှင့်တင်မှုကို ဒွေးလမ်းမှ ဧကလမ်းစနစ်ကိုကျင့်သုံးကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်းကာလတလျှောက်မှာ ဥပမာအနေနဲ ရန်ကုန်နဲ့ပဲခူးကြားမှာ အစုန်လမ်းကိုပြင်မယ်ဆိုရင် အဆန်လမ်းကနေသွားပြီး အစုန်လမ်းပြင် ပြီးသွားလို့ အဆန်လမ်းပြင်ဖို့ ရထားသွားလာရေးကို အစုန်လမ်းကလုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်-တောင်ငူလမ်းပိုင်းအား ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-တောင်ငူဟူ၍ ( CP-101, CP-102, CP-103 )အပိုင်း ၃ ပိုင်းခွဲကာ ကန်ထရိုက်တာ ၃ ဦးမှ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယင်းသို့ ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုစီမံကိန်းတွင် ဒီဇိုင်းမှန်ကန်မှုရှိ၊ မရှိ၊ မိုင်နှုန်းအခြေအနေ များနှင့်ပတ်သက်ပြီး မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန စိစစ်မှလက်ခံရမည်ဖြစ်၍ ယင်းစီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကန်ထရိုက်တာအဖွဲ့နှင့်အတူ မြန်မာ့မီးရထားဝန်ထမ်းများက ကြီးကြပ်နေကြောင်း သိရှိရပါသည်။
အဆိုပါ ရန်ကုန်-တောင်ငူလမ်းပိုင်းစီမံကိန်းကာလသည် ၃ နှစ်နှင့် ၅ လကြာ မြင့်မှာဖြစ်ပြီး ယင်းသို့ ဧကလမ်းစနစ်ကျင့်သုံးနေသည့်အတွက် ရထားသွားလာရေးအတွက် အနည်းငယ်အခက်အခဲရှိနေကြောင်း သိရှိရပါသည်။
ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို အပိုင်း(၁) အနေဖြင့် ရန်ကုန်မှ တောင်ငူအထိလည်း ကောင်း၊ အပိုင်း(၂)အနေဖြင့် တောင်ငူမှ မန္တလေးအထိလည်းကောင်း အပိုင်း(၂)ပိုင်းခွဲခြားကာ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ JICA ODA Loan ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ဂျပန်ယန်း ၉၁ ဒသမ ၉၂၁ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။
<<zawgyi>>
စီမံကိန်းကာလ ၃ နှစ်နဲ့ ၅ လကြာမြင့်မည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း စတင်
Wednesday,October 4, 2019

#Myanmar_Online_News #ရန်ကုန် #တောင်ငူ #ရထားလမ်

0 comments:

Post a Comment