Tuesday, October 8, 2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရ(မြောက်) ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: one or more people, people standing and carNo photo description available.

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လိပ်ရ(မြောက်) ကျေးရွာအနီး ကားဘီးပေါက်၍ ရပ်တန့်ထားသော ယာဉ်မောင်း မာမတ်အာမိန်(ဘ)အီဒီရိဒ် မောင်းနှင်သည့် PROBOX အမျိုးအစား ယာဉ်အမှတ် BGO/ 7M၊ အဖြူရောင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်၏အင်ဂျင် Air Cleaner အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ဝဝ ပြား၊ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၉ဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား ကြိမ်ချောင်းနယ်မြေ ရဲစခန်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက် သွားစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
<zawgyi>
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရ(မြောက်) ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Tuesday,October 8 ,2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လိပ်ရ(မြောက်) ကျေးရွာအနီး ကားဘီးပေါက်၍ ရပ်တန့်ထားသော ယာဉ်မောင်း မာမတ်အာမိန်(ဘ)အီဒီရိဒ် မောင်းနှင်သည့် PROBOX အမျိုးအစား ယာဉ်အမှတ် BGO/ 7M၊ အဖြူရောင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်၏အင်ဂျင် Air Cleaner အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ဝဝ ပြား၊ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၉ဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား ကြိမ်ချောင်းနယ်မြေ ရဲစခန်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက် သွားစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment