Friday, October 4, 2019

တမူးမြို့၌ စိတ်ကြွဆေးပြား ၁၂၈၇၀၀၀ ပြား သိမ်းဆည်းရမိ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီတွင် အချိန် တမူးမြို့၊ မြို့မရပ်ကွက် တမူး-နန့်ဖာလုံကားလမ်း၌ ရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် တမူးမြို့မှ အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ အောင်စိုး(ခ)မောင်စိုး(၄၉)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၈၇၇၅၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် စော်ဘွား(၈)ရပ်ကွက်ရှိ အောင်စိုး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းခုတင်အောက်ရှိ ပီနံအိတ်အတွင်းမှ စက္ကူဖြင့်ထုပ်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၉၉၂၅၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါ အောင်စိုး(ခ)မောင်စိုးအား တမူးမြို့မရဲစခန်း မယ(ပ)၈၆/ ၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
<<zawgyi>>

#Myanmar_Online_News #တမူး #စိတ်ကြွဆေးပြား
<<zawgyi>>

0 comments:

Post a Comment