Sunday, October 6, 2019

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မြို့နယ်စည်ပင်သာယာ ဥက္ကဌ အပါအဝင် အဖွဲ့ဝင်များအား ကားတစီးစီ (စုစုပေါင်း ကား ၈၀ စီး) ဝယ်ယူခွင့်ပေးခြင်းအား အံ့သြလို့ မဆုံးပါဘူးဟု ထောက်ပြ

Image may contain: text

ရန်ကုန် မြို့တော်စည်ပင်က ကားအစီး ၈၀ ဝယ်ဖို့ စီစဉ်နေတာ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်စည်ပင်ဟာ ဝင်ငွေနဲ့ ထွက်ငွေ မညီလို့ ကန့်ကွက်နေတဲ့ ကြားက မြို့နယ်စည်ပင်သာယာ ဥက္ကဌ တောင်မကဘူး အဖွဲ့ဝင်တွေကိုပါ ကားတစီးစီ ဝယ်ယူခွင့်ပေးတာ အံ့သြလို့မဆုံးပါဘူး လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

ရန်ကုန် မြို့တော်စည်ပင် ဝယ်မည့် ကား ၈၀ ထဲတွင်
၁။ မြို့နယ် ၃၃ မြို့နယ်က စည်ပင်ဥက္ကဋ္ဌ ၃၃ ယောက် အတွက် ၃၃ စီး။
၂။ အဖွဲ့ဝင် နှစ်ဦး အတွက် ၂ စီး။
၃။ ရွေးချယ်ခံကော်မတီဝင် ၆ ဦးနဲ့ လုပ်ငန်းတာဝန်ခံအဖွဲ့ ၇ ဖွဲ့ အတွင်းရေးမှူးတွေ စီးဖို့ ၁၃ စီး။
၄။ ညွန်ကြားရေးမှူးနဲ့ အထက် လုပ်ငန်းသုံးစွဲရန် ၁၅ စီး။
၅။ လုပ်ငန်းစစ်နဲ့ ဧည့်ကြိုယာဉ် ၁ စီး။
၆။ ဝန်ထမ်းများအခမ်းအနားပို့ကြိုယာဉ် ၃ စီး
၇။ လုပ်ငန်းသုံးယာဉ် ၁၃ စီးလို့ ပါတယ်။

ဒါကြောင့် လူစီးယာဉ် ၆၇ စီး ၊ စည်ပင်သာယာလုပ်ငန်းတွေအတွက် လုပ်ငန်းသုံးယာဉ်က ၁၃ စီး ဆိုတော့ လူစီး ကားက အလုပ်လုပ်မယ့်ကား ထက် ငါးဆ ပိုများနေတဲ့သဘောပဲ။
မြို့နယ်ဥက္ကဋ္ဌ ဆိုတာ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဆိုရင်တော့ ဘယ်ပါတီကလဲ၊ သက်ဆိုင်ရာပါတီကို ကိုယ်စားပြုပြီးရွေးကောက်ပွဲဝင်ချိန်က ဘာကတိတွေပေးခဲ့လဲ၊ ဘယ်လောက် အောင် မြင်အောင်လုပ်နိုင်ပြီလဲဆိုတာ စိတ်ဝင်စားမိတယ်။
ဒေါ်စန္ဒမင်းကတော့ “ ဒီလိုစည်ပင်ကော်မတီဝင်ကြီးများ အဖွဲ့ဝင်ကြီးများ ပြည်သူ့အတွက်များလားလို့ရွေးချယ်ပေးမိလိုက်တာ” လို့ မှတ်ချက်ရေးထားတယ်။
<<Zawgyi>>
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မြို့နယ်စည်ပင်သာယာ ဥက္ကဌ အပါအဝင် အဖွဲ့ဝင်များအား ကားတစီးစီ (စုစုပေါင်း ကား ၈၀ စီး) ဝယ်ယူခွင့်ပေးခြင်းအား အံ့သြလို့ မဆုံးပါဘူးဟု ထောက်ပြ
Monday, October 7, 2019

ရန်ကုန် မြို့တော်စည်ပင်က ကားအစီး ၈၀ ဝယ်ဖို့ စီစဉ်နေတာ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်စည်ပင်ဟာ ဝင်ငွေနဲ့ ထွက်ငွေ မညီလို့ ကန့်ကွက်နေတဲ့ ကြားက မြို့နယ်စည်ပင်သာယာ ဥက္ကဌ တောင်မကဘူး အဖွဲ့ဝင်တွေကိုပါ ကားတစီးစီ ဝယ်ယူခွင့်ပေးတာ အံ့သြလို့မဆုံးပါဘူး လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။
ရန်ကုန် မြို့တော်စည်ပင် ဝယ်မည့် ကား ၈၀ ထဲတွင်
၁။ မြို့နယ် ၃၃ မြို့နယ်က စည်ပင်ဥက္ကဋ္ဌ ၃၃ ယောက် အတွက် ၃၃ စီး။
၂။ အဖွဲ့ဝင် နှစ်ဦး အတွက် ၂ စီး။
၃။ ရွေးချယ်ခံကော်မတီဝင် ၆ ဦးနဲ့ လုပ်ငန်းတာဝန်ခံအဖွဲ့ ၇ ဖွဲ့ အတွင်းရေးမှူးတွေ စီးဖို့ ၁၃ စီး။
၄။ ညွန်ကြားရေးမှူးနဲ့ အထက် လုပ်ငန်းသုံးစွဲရန် ၁၅ စီး။
၅။ လုပ်ငန်းစစ်နဲ့ ဧည့်ကြိုယာဉ် ၁ စီး။
၆။ ဝန်ထမ်းများအခမ်းအနားပို့ကြိုယာဉ် ၃ စီး
၇။ လုပ်ငန်းသုံးယာဉ် ၁၃ စီးလို့ ပါတယ်။

ဒါကြောင့် လူစီးယာဉ် ၆၇ စီး ၊ စည်ပင်သာယာလုပ်ငန်းတွေအတွက် လုပ်ငန်းသုံးယာဉ်က ၁၃ စီး ဆိုတော့ လူစီး ကားက အလုပ်လုပ်မယ့်ကား ထက် ငါးဆ ပိုများနေတဲ့သဘောပဲ။
မြို့နယ်ဥက္ကဋ္ဌ ဆိုတာ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဆိုရင်တော့ ဘယ်ပါတီကလဲ၊ သက်ဆိုင်ရာပါတီကို ကိုယ်စားပြုပြီးရွေးကောက်ပွဲဝင်ချိန်က ဘာကတိတွေပေးခဲ့လဲ၊ ဘယ်လောက် အောင် မြင်အောင်လုပ်နိုင်ပြီလဲဆိုတာ စိတ်ဝင်စားမိတယ်။
ဒေါ်စန္ဒမင်းကတော့ “ ဒီလိုစည်ပင်ကော်မတီဝင်ကြီးများ အဖွဲ့ဝင်ကြီးများ ပြည်သူ့အတွက်များလားလို့ရွေးချယ်ပေးမိလိုက်တာ” လို့ မှတ်ချက်ရေးထားတယ်။
#Sandar_Min #YCDC #Myanmar_Online_News #yehtutcomment

0 comments:

Post a Comment