Wednesday, October 16, 2019

ဥတ္တရသီရိမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

Image may contain: night

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၅၀ တွင် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၂၁၈/၄-၅)ကြား၌ ဦးမြင့်ဝေ(၆၂)နှစ်မောင်းနှင်ပြီး မအိဖြိုးဝေ(၂၈)နှစ်ပါ မ ၅ ဦး လိုက်ပါလာသည့် 5D/×××× Pajero ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးတွင် ကာရံထားသော အလူမီနီယံတန်းများအား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးမှ သိရှိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ဦးမြင့်ဝေတွင် ဦးခေါင်း၊ နား၊ နှာခေါင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မအိဖြိုးဝေတွင် ဦးခေါင်း၊ ဝမ်းဗိုက်၊ ယာပေါင် ပေါက်ပြဲကျိုးပဲ့ဒဏ်ရာ(စိုးရိမ်ရ)နှင့် မချောစုခင်(၂၀)နှစ်ပါ ၄ ဦးတွင် ဦးခေါင်း၊ နဖူး၊ မျက်ခုံး၊ နှာခေါင်း၊ လက်၊ ပေါင်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်မောင်း ဦးမြင့်ဝေအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၂၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
ဥတ္တရသီရိမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ
Wednesday, October 16, 2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၅၀ တွင် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၂၁၈/၄-၅)ကြား၌ ဦးမြင့်ဝေ(၆၂)နှစ်မောင်းနှင်ပြီး မအိဖြိုးဝေ(၂၈)နှစ်ပါ မ ၅ ဦး လိုက်ပါလာသည့် 5D/×××× Pajero ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးတွင် ကာရံထားသော အလူမီနီယံတန်းများအား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးမှ သိရှိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ဦးမြင့်ဝေတွင် ဦးခေါင်း၊ နား၊ နှာခေါင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မအိဖြိုးဝေတွင် ဦးခေါင်း၊ ဝမ်းဗိုက်၊ ယာပေါင် ပေါက်ပြဲကျိုးပဲ့ဒဏ်ရာ(စိုးရိမ်ရ)နှင့် မချောစုခင်(၂၀)နှစ်ပါ ၄ ဦးတွင် ဦးခေါင်း၊ နဖူး၊ မျက်ခုံး၊ နှာခေါင်း၊ လက်၊ ပေါင်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်မောင်း ဦးမြင့်ဝေအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၂၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment