Monday, October 7, 2019

ဟားခါးတွင် ဗိုလ်ချုပ်ရုပ်တုနှင့် ချင်းအမျိုးသားခေါင်းဆောင်၃ဦးရုပ်တု အတူထားရန် မြေနေရာနှင့် အလှူငွေ လိုအပ်နေ

ပင်လုံစာချုပ်တွင် လက်မှတ်ထိုးခဲ့သော ချင်းအမျိုးသားခေါင်းဆောင်၃ဦးရုပ်တုအား ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် အတူထားရန်အတွက် မြေနေရာနှင့် အလှူငွေများ လိုအပ်နေသေးကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ဗိုလ်ချုပ်ရုပ်တုအတွက်ကတော့ အလှူငွေက သိန်း၃၀၀ ရထားပြီးပြီ။ ရုပ်တုလည်း ရပြီးပြီ။ အခုက ချင်းအမျိုးသားခေါင်းဆောင် ၃ဦးရုပ်တုအတွက် အလှူငွေပေါ့။ အဲဒါက မရသေးဘူး။ ဒါက ပြည်နယ်အစိုးရဘတ်ဂျက်ထဲက မသွားဘူး။ လူတွေအလှူငွေနဲ့ သွားမှာဖြစ်တယ်။ အခုတော့ ဟားခါးမှာ ပန်းခြံတစ်ခုလုပ်ပြီး ထားဖို့ မြေနေရာရွေးနေတုန်းပေါ့။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ ချင်းအမျိုးသားခေါင်းဆောင် ၃ဦးရုပ်တုကို ဗမာ၊အင်္ဂလိပ်ဘာသာနဲ့အတူဖော်ပြမယ်။ ဒါကတော့ ဗမာ၊ချင်းပဋိပက္ခကို ရှောင်လွှဲတာတော့ မဟုတ်ပါဘူး။ အကောင်းဘက်က ကြည့်ရင် ရိုးရိုးလေးပါ။ ကောင်းတာ လုပ်တာပါ’’ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့်အတူ ထားမည့် ချင်းအမျိုးသားခေါင်းဆောင်၃ဦးမှာ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ပူကီယိုမန်း၊ ပူထောင်ဇာခုပ်၊ ပူလှူရ်မှုန်တို့ ဖြစ်ကြောင်း သိရသည်။
<<Zawgyi>>
Tuesday,October 8 ,2019

0 comments:

Post a Comment