Thursday, October 3, 2019

မကွေးမြသလွန်စေတီတော်တွင် (၃၁)ကြိမ်မြောက် ဆီမီး(၉)ထောင်ပူဇော်ပွဲ ကျင်းပမည်

Image may contain: outdoor
ယခုလာမည့် သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းတွင် မကွေးမြို့၊ မြသလွန်စေတီတော် (၃၁)ကြိမ်မြောက် ဆီမီး(၉)ထောင်ပူဇော်ပွဲကို ကျင်းပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။

ဆီမီးကိုးထောင်ပူဇော်ပွဲတွင် နှမ်းဆီစစ်စစ်ပိသာ(၂၃၀)ဖြင့် ဆီမီးပူဇော်မှာဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း (၁၀)ရက်မှ သီတင်းကျွတ်လကွယ်နေ့အထိ နှစ်စဉ် ကျင်းပြုလုပ်မှာဖြစ်ကြောင်းသိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အားရက်ပေါင်း(၂၀)ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း ဗုဒ္ဓအဘိသေကအနေကဇာတင်ခြင်း ၊ သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ၊ လပြည့်နေ့မနက်ပိုင်းမှာ ဆွမ်းကပ်လှူခြင်း ၊ ပန်း(၉)ထောင်၊ နံ့သာ(၉)ထောင်ကပ်လှူခြင်းများနှင့် ဆီမီး(၉)ထောင်ကပ်လှူပူဇော်ခြင်းများကို ပြုလုပ်ဆောင်ရွက်မှာဖြစ်ကြောင်းသိရသည်။
ပွဲတော်ရက်အတွင်း ရာသီဥတုဖောက်ပြန်ပြီး မိုးရွာနိုင်သည့်အတွက် ပြင်ဆင်စရာများအားလည်း ကြိုတင်ပြင်ဆင်ထားကြောင်းလည်း သိရှိရပြီး ယခုအကြိမ်ပြုလုပ်သော မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်သည် (၂၅၈၃)ကြိမ်မြောက်ဖြစ်ပြီး ဆီမီး(၉)ထောင်ထွန်းညှိပူဇော်ခြင်းသည် (၃၁)ကြိမ် မြောက်ဖြစ်ကြောင်းသိရှိရပါသည်။
Image may contain: 4 people
No photo description available.
Image may contain: one or more people
<<Zawgyi>>
Thursday,October 3, 2019
ယခုလာမည့် သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းတွင် မကွေးမြို့၊ မြသလွန်စေတီတော် (၃၁)ကြိမ်မြောက် ဆီမီး(၉)ထောင်ပူဇော်ပွဲကို ကျင်းပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။
ဆီမီးကိုးထောင်ပူဇော်ပွဲတွင် နှမ်းဆီစစ်စစ်ပိသာ(၂၃၀)ဖြင့် ဆီမီးပူဇော်မှာဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း (၁၀)ရက်မှ သီတင်းကျွတ်လကွယ်နေ့အထိ နှစ်စဉ် ကျင်းပြုလုပ်မှာဖြစ်ကြောင်းသိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အားရက်ပေါင်း(၂၀)ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း ဗုဒ္ဓအဘိသေကအနေကဇာတင်ခြင်း ၊ သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ၊ လပြည့်နေ့မနက်ပိုင်းမှာ ဆွမ်းကပ်လှူခြင်း ၊ ပန်း(၉)ထောင်၊ နံ့သာ(၉)ထောင်ကပ်လှူခြင်းများနှင့် ဆီမီး(၉)ထောင်ကပ်လှူပူဇော်ခြင်းများကို ပြုလုပ်ဆောင်ရွက်မှာဖြစ်ကြောင်းသိရသည်။
ပွဲတော်ရက်အတွင်း ရာသီဥတုဖောက်ပြန်ပြီး မိုးရွာနိုင်သည့်အတွက် ပြင်ဆင်စရာများအားလည်း ကြိုတင်ပြင်ဆင်ထားကြောင်းလည်း သိရှိရပြီး ယခုအကြိမ်ပြုလုပ်သော မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်သည် (၂၅၈၃)ကြိမ်မြောက်ဖြစ်ပြီး ဆီမီး(၉)ထောင်ထွန်းညှိပူဇော်ခြင်းသည် (၃၁)ကြိမ် မြောက်ဖြစ်ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment