Tuesday, October 8, 2019

အမ်းမြို့အနီးတွင် ကုန်တင်ကားတစ်စီး ဝါယာကြိုး အပူချိန်လွန်ကဲကာ မီးလောင်မှုဖြစ်ပွား

Image may contain: cloud, sky, outdoor and natureImage may contain: outdoor and nature

ရခိုင်ပြည်နယ်၊ အမ်းမြို့ သရက်တစ်ပင်စခန်းအနီးမှာ အောက်တိုဘာ(၇)ရက် နေ့လယ်ပိုင်းက ကုန်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သိရှိရပါသည်။

အဲဒီ ကုန်တင်ကားဟာ မန္တလေးမြို့ကနေ အမ်းမြို့ကို မောင်းနှင်လာတာဖြစ်ပြီး ကားအင်ဂျင်ခန်းအတွင်း သွယ်တန်းထားတဲ့ ဝါယာကြိုး အပူချိန်လွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငါးဆယ့်ငါးသိန်းခန့် ရှိကြောင်း သိရှိရပါသည်။
အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို အမ်းမြို့နယ်မြို့မရဲစခန်းက (ပ)၂၀၄/၂၀၁၉(ပုဒ်မ၂၈၅)နဲ့ အမှုဖွင့်ထားကြောင်း သိရှိရပါသည်။
Image may contain: one or more people and outdoor
<<zawgyi>>
အမ်းမြို့အနီးတွင် ကုန်တင်ကားတစ်စီး ဝါယာကြိုး အပူချိန်လွန်ကဲကာ မီးလောင်မှုဖြစ်ပွား
Tuesday,October 8 ,2019

ရခိုင်ပြည်နယ်၊ အမ်းမြို့ သရက်တစ်ပင်စခန်းအနီးမှာ အောက်တိုဘာ(၇)ရက် နေ့လယ်ပိုင်းက ကုန်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သိရှိရပါသည်။
အဲဒီ ကုန်တင်ကားဟာ မန္တလေးမြို့ကနေ အမ်းမြို့ကို မောင်းနှင်လာတာဖြစ်ပြီး ကားအင်ဂျင်ခန်းအတွင်း သွယ်တန်းထားတဲ့ ဝါယာကြိုး အပူချိန်လွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငါးဆယ့်ငါးသိန်းခန့် ရှိကြောင်း သိရှိရပါသည်။
အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို အမ်းမြို့နယ်မြို့မရဲစခန်းက (ပ)၂၀၄/၂၀၁၉(ပုဒ်မ၂၈၅)နဲ့ အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment