Tuesday, October 8, 2019

အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမစတင်မီ ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့

Image may contain: nightImage may contain: night and indoor
အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဝါရှင်တန်မြို့၌ ၂၀၁၉ခုနှစ် ၊ အောက်တိုဘာ လ (၁၀) ရက်နှင့် (၁၁) ရက်နေ့များတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်သည် ယခုကျင်းပမည့်ဆွေးနွေးပွဲတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများရရှိရန် မျှော်မှန်းထားသော်လည်း တရုတ်အာဏာပိုင်များကမူ အမေရိကန်အစိုးရ၏ တောင်းဆိုမှုများကို ထပ်မံလိုက်လျောမည့် အနေအထားမရှိတော့ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူ အများစုသည် ယင်းဆွေးနွေးပွဲမှ ရလဒ်ကောင်းများထွက်ပေါ်လာလိမ့်မည် မဟုတ်ဟု မျှော်မှန်းထားကြသောကြောင့် ကမ္ဘာ့ရွှေစေ◌ျးနှုန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဂျိုဘီဒင်၊ ယူကရိန်းသမ္မတတို့ကိစ္စနှင့်ပတ်သက် ၍ သမ္မတဒေါ်နယ်လ်ထရန့်အပေါ် အောက်လွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးအရေးယူမည့်ကိစ္စတွင် ခိုင်လုံသောသတင်းပေးသက်သေ (၁) ဦး ထပ်မံပေါ်ပေါက်လာသောကြောင့် သမ္မတအနေဖြင့် အကျပ်အတည်းများကြုံတွေ့ကာ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးအခြေအနေ ဆိုးရွားလာဖွယ်ရှိခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် ဝ.၁% မြင့်တက်ကာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၅.၈၆) ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ဝ.၀၁% ကျဆင်းခဲ့ပြီးအညွှန်းကိန်းအမှတ် (၉၈.၈၃) ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

<<Zawgyi>>
Tuesday,October 8 ,2019

#cnbc

0 comments:

Post a Comment