Friday, October 4, 2019

မိုးကုတ်ဒေသခံတွေအတွက် လက်လုပ်လက်စားကျောက်လုပ်ကွက်တွေချပေးမယ်

Image may contain: one or more people, crowd, outdoor and natureImage may contain: one or more people and closeup
ယခုလာမည့်နိုဝင်ဘာ်မှစပြီး မိုးကုတ်ဒေသခံတွေအတွက် လက်လုပ်လက်စားကျောက်မျက်တူးဖော်လုပ်ကွက်များကို ချထားပေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်းသယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဦးမျိုးသစ်ကပြောကြားခဲ့သည်။
မိုးကုတ်ဒေသမှာရှိတဲ့ လုပ်ကွက်နယ်မြေ ၁ ၊၂ ၊၃ ကိုသက်ဆိုင်ရာ က စိစစ်ထားပြီး လက်လုပ်လက်စား လုပ်ကွက်ငယ်တွေ ရိုက်ပြီးသွားရင် လျှောက်ထားလိုတဲ့သူတွေအတွက် သတင်းစာထဲကနေ ကြေညာမယ်လို့လည်းပြောကြားခဲ့သည်။
လက်လုပ်လက်စားလုပ်ကွက်ဖြစ်တဲ့အတွက် ကျောက်မျက်တူးဖော်ရာမှာစက်ယန္တရားမပါဝင်ဘဲ လက်သုံးပစ္စည်းကိရိယာနဲ့သာတူးဖော်ရမှာဖြစ်ပြီး လုပ်ကွက်တစ်ကွက်လျှင် တစ်ဧကနှုန်း သတ်မှတ်ထားပြီး ဒေသခံအိမ်ထောင်စု ၊ မှတ်ပုံတင်တို့နဲ့ လျှောက်ထားနိုင်မှာဖြစ်ကြောင်းနှင့် လက်လုပ်လက်စားများအတွက် ခွင့်ပြုပေးမယ့်နေရာများသည် မိုးကုတ်မြို့ မြောက်ဘက် ထင်းရှူးထောင်၊ ပိန်းပြစ်၊ ရွှေညောင်ပင် စသည့်နေရာများဖြစ်ကြောင်းသိရသည်။
ဒေသခံလက်လုပ်လက်စား လုပ်ကွက်များအတွက် သတ်မှတ်ထားတဲ့ ဇုန်နေရာဟာ ကျောက်မျက်ရတနာထွက်ရှိမှု နည်းပါးတယ်ဆိုကာ ဒေသခံများက ပြန်လည် ပြင်ဆင် သုံးသပ်ပေးဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ကို တင်ပြထားမှုများပြုလုပ်ထားကြောင်းလည်းသိရှိရပါသည်။
<<Zawgyi>>

0 comments:

Post a Comment