Saturday, October 5, 2019

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် နေ့အပူချိန်မြင့်တက်လာဖွယ်ရှိနေ

No photo description available.

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများဖြစ်သည့် ပြည်နယ် ၄ ခုနှင့်တိုင်းဒေသကြီး ၃ ခုတွင် နေ့အပူချိန် အနည်းငယ်မြှင့်တက်လာဖွယ်ရှိကြောင်း အောက်တိုဘာလ ၄ ရက်မှ ၁၀ ရက်အထိ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်၏ Weather Weekly News အစီအစဉ်တွင် ပြောကြားထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအရှေ့ပိုင်းဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာၤရီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာအနည်းဆုံးနေ့အပူချိန်က ဖြစ်မြဲထက် ဝ.၅ ဒီဂရီစင်တီကရိတ်ထက် ကျော်လွန်နိုင်တဲ့လို့ ခန့်မှန်းရတဲ့အတွက် အပူချိန်အနည်းငယ်မြှင့်တက်လာဖွယ်ရှိပါတယ်။” ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားထားပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့်တွင်ရှိနိုင်ပြီးကျန်ဒေသများတွင် အလွန်မြင့်မားအဆင့်တွင် ရှိနိုင်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာလ ၅ ရက်၌ထုတ်ပြန်ထားသည့် အောက်တိုဘာလ ၆ ရက်အတွက် အမြင့်ဆုံးနေ့အပူချိန်များမှာပ ဲခူးတွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်(ကမ္ဘာအေး)တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်တွင် ၃၁ ဒီဂရီစင်တီဂရိတ်၊ ဘားအံတွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်တွင် ၃၃ ဒီဂရီစင်တီဂရိတ်နှင့် ထားဝယ်တွင် ၃၄ဒီဂရီစင်တီဂရိတ်တို့ အသီးသီးရှိနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းစသည့်ဒေသများတွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ရွာသွန်းမြဲထက် အနည်းငယ် ကျော်လွန်နိုင်ကြောင်း ဦးထွန်းလွင်ကပြောကြားထားသည်။
#Myanmar_Online_News # နေ့အပူချိန်
<<Zawgyi>>
မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် နေ့အပူချိန်မြင့်တက်လာဖွယ်ရှိနေ
Sunday, October 6, 2019

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများဖြစ်သည့် ပြည်နယ် ၄ ခုနှင့်တိုင်းဒေသကြီး ၃ ခုတွင် နေ့အပူချိန် အနည်းငယ်မြှင့်တက်လာဖွယ်ရှိကြောင်း အောက်တိုဘာလ ၄ ရက်မှ ၁၀ ရက်အထိ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်၏ Weather Weekly News အစီအစဉ်တွင် ပြောကြားထားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအရှေ့ပိုင်းဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာအနည်းဆုံးနေ့အပူချိန်က ဖြစ်မြဲထက် ဝ.၅ ဒီဂရီစင်တီကရိတ်ထက် ကျော်လွန်နိုင်တဲ့လို့ ခန့်မှန်းရတဲ့အတွက် အပူချိန်အနည်းငယ်မြှင့်တက်လာဖွယ်ရှိပါတယ်။” ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားထားပြီး
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့်တွင်ရှိနိုင်ပြီးကျန်ဒေသများတွင် အလွန်မြင့်မားအဆင့်တွင် ရှိနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာလ ၅ ရက်၌ထုတ်ပြန်ထားသည့် အောက်တိုဘာလ ၆ ရက်အတွက် အမြင့်ဆုံးနေ့အပူချိန်များမှာပ ဲခူးတွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်(ကမ္ဘာအေး)တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်တွင် ၃၁ ဒီဂရီစင်တီဂရိတ်၊ ဘားအံတွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်တွင် ၃၃ ဒီဂရီစင်တီဂရိတ်နှင့် ထားဝယ်တွင် ၃၄ဒီဂရီစင်တီဂရိတ်တို့ အသီးသီးရှိနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းစသည့်ဒေသများတွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ရွာသွန်းမြဲထက် အနည်းငယ် ကျော်လွန်နိုင်ကြောင်း ဦးထွန်းလွင်ကပြောကြားထားသည်။
#Myanmar_Online_News # နေ့အပူချိန်

0 comments:

Post a Comment