Monday, October 7, 2019

အမေရိကန်နိုင်ငံရဲ့ ရန်လိုမှုကို ရပ်ဆိုင်းခြင်းမလုပ်ရင် နျူကရီးယားဆွေးနွေးပွဲကို မလုပ်ဟု မြောက်ကိုရီးယားပြော

Image may contain: 2 people, people standing

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျဉ်စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နှစ်ရက်အကြာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်- မြောက်ကိုရီးယား ဆွေးနွေးပွဲအပြီးမှာ အမေရိကန်နိုင်ငံရဲ့ ရန်လိုမှုကို ရပ်ဆိုင်းခြင်းမလုပ်ရင် နျူကရီးယားဆွေးနွေးပွဲကို မြောက်ကိုရီးယားအနေနဲ့ဆက်လက် မလုပ်ချင်တော့ဘူးလို့ အောက်တိုဘာလ ၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စတော့ဟုမ်းဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလက ကင်-ဒေါ်နယ်ထရန့်ရဲ့ ဆွေးနွေးပွဲနောက်ဆက်တွဲအဖြစ် ကျင်းပခဲ့တာဖြစ်ပေမယ့် အမေရိကန်ဘက်က သစ်ဆန်းတဲ့အဖြေကို မပေးနိုင်တဲ့အတွက် ဆွီဒင်နိုင်ငံက ဆွေးနွေးပွဲကနေ မြောက်ကိုရီးယား ထွက်ခွာသွားပါတယ်။ ဒါပေမယ့် အမေရိကန်က ဆွေးနွေးပွဲကို သီတင်းနှစ်ပတ်အတွင်း ပြန်လည်ပြုလုပ်ခြင်းကြောင်း ပြောခဲ့တယ်လို့ သိရှိရပါသည်။
မြောက်ကိုရီးယားရဲ့ ပြောရေးဆိုခွင့်ရသူက မြောက်ကိုရီးယား-အမေရိကန်ဆွေးနွေးပွဲဟာ အမေရိကန်ရဲ့ အပြုအမူပေါ်မှာ မူတည်နေတယ်လို့ပြောဆိုခဲ့ပြီး အမေရိကန်ဘက်တော့ ဆွေးနွေးပွဲဟာ ကောင်းမွန်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
<<zawgyi>>

#Myanmar_Online_News #AFP

0 comments:

Post a Comment