Tuesday, October 15, 2019

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီး စတင်ခြင်းအား ထိုင်းနိုင်ငံတွင် စတင်ဖွင့်လှစ်

Image may contain: 5 people, people smiling, people sitting and indoor
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံဖြစ်သည့် ထိုင်း၊ မြန်မာ၊ ဗိီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ မှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးကို ထိုင်းနိုင်ငံ၊ ချင်းဆဲန်မြို့၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် သံဃာတော်များနှင့် တာဝန်ရှိသူအသီးသီး တက်ရောက်ကြကာ ဗုဒ္ဓဂါယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်ကို Wat Phrathat Phangao ကျောင်းတိုက်အတွင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စိုက်ပျိုးဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံသံဃာ့ဥသျှောင် သာသနာပိုင်ချုပ်ဆရာတော် ဆွမ်ဒက်ဖရာ့ အရိယာဝံဿဂတ္တယံ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် General Pairote Panichsmai၊ Senator Representative of Deputy Prime Minister Prawit Wongsuwan၊ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃ မဟာနာယက အကျိုးတော်ဆောင်ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ ကျောင်းတော်ရာကျောင်းကြီးကျောင်းတိုက် ပဓာနနာယက စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အကျိုးတော်ဆောင်ချုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မာစရိယ) ဆရာတော်ကြီး၊ တိပိဋက (၁၁) ပါးမြောက်ဆရာတော်၊ ကျိုက်ထီးဆောင်းဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ သံဃာတော်များ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ဗိီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သံဃာတော်များ၏ (၅)နိုင်ငံ ဓမ္မခရီးစဉ်ကို အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွချီကြမည်ဖြစ်သည်။
Image may contain: 3 people, people standing and outdoor
Image may contain: 7 people, people smiling, shoes
Image may contain: 2 people, people on stage and outdoor
Image may contain: one or more people and outdoor
<<zawgyi>>
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီး စတင်ခြင်းအား ထိုင်းနိုင်ငံတွင် စတင်ဖွင့်လှစ်
Wednesday, October 16, 2019

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံဖြစ်သည့် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ မှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးကို ထိုင်းနိုင်ငံ၊ ချင်းဆဲန်မြို့၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် သံဃာတော်များနှင့် တာဝန်ရှိသူအသီးသီး တက်ရောက်ကြကာ ဗုဒ္ဓဂါယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်ကို Wat Phrathat Phangao ကျောင်းတိုက်အတွင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စိုက်ပျိုးဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံသံဃာ့ဥသျှောင် သာသနာပိုင်ချုပ်ဆရာတော် ဆွမ်ဒက်ဖရာ့ အရိယာဝံဿဂတ္တယံ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် General Pairote Panichsmai၊ Senator Representative of Deputy Prime Minister Prawit Wongsuwan၊ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃ မဟာနာယက အကျိုးတော်ဆောင်ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ ကျောင်းတော်ရာကျောင်းကြီးကျောင်းတိုက် ပဓာနနာယက စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အကျိုးတော်ဆောင်ချုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မာစရိယ) ဆရာတော်ကြီး၊ တိပိဋက (၁၁) ပါးမြောက်ဆရာတော်၊ ကျိုက်ထီးဆောင်းဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ သံဃာတော်များ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သံဃာတော်များ၏ (၅)နိုင်ငံ ဓမ္မခရီးစဉ်ကို အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွချီကြမည်ဖြစ်သည်။

0 comments:

Post a Comment