Friday, October 4, 2019

ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒေါ်လာ ၁ သန်းတန် ပုံနှိပ်စက်ဝယ်ယူခဲ့ခြင်းမရှိဟုထွက်ဆို

Image may contain: sky, house, tree and outdoor
အောက်တိုဘာ ၃ ရက်နေ့တွင် Elevenမီဒီယာကို တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်တရားရုံး အမှုရုံးချိန်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒေါ်လာတစ်သန်းတန် ပုံနှိပ်စက်ဝယ်ယူခဲ့တာ မရှိကြောင်း ဌာန၏ ကိုယ်စားလှယ်မှ ထွက်ဆိုသွားခဲ့ကြောင်း Elevenမီဒီယာဘက်မှသက်သေအဖြစ်ထွက်ဆိုသော အယ်ဒီတာချုပ် ဦးကျော်ဇေလင်းက ရုံးချိန်းအပြီးမှာ မီဒီယာများကို ပြောကြားခဲ့ကြောင်းသိရသည်။

အမှုမှာ ၂၀၁၄ ဇွန် ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ဖို့ ခွင့်ပြုနေသလားဆိုသော ကိုနေထွန်းနိုင်ရေးသားခဲ့တဲ့ ဆောင်းပါးမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက အိန္ဒိယကုမ္ပဏီမှ ပုံနှိပ်စက်တွေ ဝယ်ယူရာမှာ သတ်မှတ်ပေါက်စျေးထက် ပိုမိုမြင့်မားနေကြောင်း ရေးသားခဲ့တာကြောင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ကြောင်းသိရသည်။
အဆိုပါပုံနှိပ်စက်များကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ဦးရဲထွဋ် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူစဉ်က တရားစွဲဆိုခဲ့တာဖြစ်ကြောင်းနှင့် Elevenမီဒီယာ အုပ်စု၏ ဥက္ကဋ္ဌ ဒေါက်တာသန်းထွဋ်အောင်၊ မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နဲ့ တာဝန်ခံအယ်ဒီတာ ကိုနေထွန်းနိုင်တို့ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်သည်။
အမှုအားလာမည့် အောက်တိုဘာ၁၇ ရက်ကို နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီရုံးချိန်းမှာ ဝန်ကြီးဌာနတချို့ လုပ်ငန်းပိုင်းတွေမှာ အရှုံးပေါ်နေမှုများ၊ ပုံနှိပ်စက်နဲ့ပတ်သက်တဲ့ သက်သေအချက်အလက်များကို သက်သေတင်သွင်းသွားမှာဖြစ်ကြောင်းသိရှိရသည်။
<<Zawgyi>>

0 comments:

Post a Comment