Thursday, October 3, 2019

ပျော်ဘွယ်မြို့တွင် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ငလျင်အန္တရာယ်တုံ့ပြန်ကာကွယ်ရေးအား သရုပ်ပြလေ့ကျင့်

Image may contain: sky, cloud and outdoor
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

သရုပ်ပြလေ့ကျင့်မှုတွင် ငလျင်ဘေး အန္တရာယ်တုံ့ပြန်ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် မီးငြိမ်းသတ်ခြင်း လုပ်ငန်းဆိုင်ရာများ၊ အဆောက်အဦအတွင်း ပိတ်မိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဒဏ်ရာရရှိသည့် လူနာများအား သတ်မှတ်အဆင့်အလိုက် လူနာတင်ယာဉ်များဖြင့် နီးစပ်ရာ ဆေးရုံသို့ ပို့ခြင်းများ၊ ကားမီးလောင်မှု ငြှိမ်းသတ်ခြင်းများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ငလျင်ဘေးဒဏ်တုံ့ပြန်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များကို ဂုဏ်ပြုစကားပြောကြားပြီး တာဝန် ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
<<zawgyi>>
ပျော်ဘွယ်မြို့တွင် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ငလျင်အန္တရာယ်တုံ့ပြန်ကာကွယ်ရေးအား သရုပ်ပြလေ့ကျင့်
Thursday,October 3, 2019

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
သရုပ်ပြလေ့ကျင့်မှုတွင် ငလျင်ဘေး အန္တရာယ်တုံ့ပြန်ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် မီးငြိမ်းသတ်ခြင်း လုပ်ငန်းဆိုင်ရာများ၊ အဆောက်အဦအတွင်း ပိတ်မိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဒဏ်ရာရရှိသည့် လူနာများအား သတ်မှတ်အဆင့်အလိုက် လူနာတင်ယာဉ်များဖြင့် နီးစပ်ရာ ဆေးရုံသို့ ပို့ခြင်းများ၊ ကားမီးလောင်မှု ငြှိမ်းသတ်ခြင်းများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ငလျင်ဘေးဒဏ်တုံ့ပြန်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များကို ဂုဏ်ပြုစကားပြောကြားပြီး တာဝန် ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #MOI #ပျော်ဘွယ်
<<zawgyi>>

0 comments:

Post a Comment