Friday, October 4, 2019

အခွန်အမှတ်တံဆိပ်မပါရှိသော သိမ်းဆည်းရရှိ စွန်မင်းရမ်အရက်ပုလင်းများအားဖျက်ဆီး

Image may contain: food
ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်အတွင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် ပြည်တွင်းထုတ် စွန်မင်းရမ် အရက်ပုလင်းများ ဖျက်ဆီးခြင်း အခမ်းအနားကို တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနရုံး ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ရဲထွန်းက ကုန်အမှတ်တံဆိပ်ကိုဌာနကနေ တန်ဖိုးသတ်မှတ်ပြီး ဝယ်ယူရတာဖြစ်ပါကြောင်း၊ ကုန်အမှတ် တံဆိပ် စိစစ်ကြပ်မတ်ရာတွင် စက်ရုံမှစိစစ်ကြပ်မတ်ခြင်း နှင့် ဈေးကွက် အတွင်း စိစစ်ကြပ်မတ်ခြင်းဟူ၍ (၂)မျိုးရှိပါကြောင်း၊ သိမ်းဆည်းရရှိသည့် အရက်ပုလင်းများသည် ဈေးကွက်အတွင်း သိမ်းဆည်း ရရှိခြင်း ဖြစ်ကြောင်း၊အရက်ပုလင်းအရေအတွက်မှာ(၅၈၆၂)ပုလင်းဖြစ်ပြီး တန်းဖိုး ငွေကျပ် (၁၀)သိန်းကျော် ရှိပါကြောင်း၊သိမ်းဆည်းရရှိအရက်ပုလင်းများအား(FDA)သို့ပေးပို့စစ်ဆေးရပါကြောင်း၊(FDA)၏ စစ်ဆေး တွေ့ရှိချက်အရသောက်သုံးရန်သင့်ပါက လေလံတင်ရောင်းချရမှာဖြစ်ပါကြောင်း၊ ယခုအရက် ပုလင်းများ သည်(FDA)ထောက်ခံချက် မရရှိသဖြင့် ဖျက်ဆီးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများက တရားမဝင် အထူးကုန်စည်ဖြစ်သည့် သိမ်းဆီးရရှိ စွန်မင်းရမ် အရက်ပုလင်းများအား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

<<Zawgyi>>
Friday, October 4, 2019
ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ် အတွင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် ပြည်တွင်းထုတ် စွန်မင်းရမ် အရက်ပုလင်းများ ဖျက်ဆီးခြင်း အခမ်းအနားကို တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနရုံး ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ရဲထွန်းက ကုန်အမှတ်တံဆိပ်ကိုဌာနကနေ တန်ဖိုးသတ်မှတ်ပြီး ဝယ်ယူရတာဖြစ်ပါကြောင်း၊ ကုန်အမှတ် တံဆိပ် စိစစ်ကြပ်မတ်ရာတွင် စက်ရုံမှစိစစ်ကြပ်မတ်ခြင်း နှင့် ဈေးကွက် အတွင်း စိစစ်ကြပ်မတ်ခြင်းဟူ၍ (၂)မျိုးရှိပါကြောင်း၊ သိမ်းဆည်းရရှိသည့် အရက်ပုလင်းများသည် ဈေးကွက်အတွင်း သိမ်းဆည်း ရရှိခြင်း ဖြစ်ကြောင်း၊အရက်ပုလင်းအရေအတွက်မှာ(၅၈၆၂)ပုလင်းဖြစ်ပြီး တန်းဖိုး ငွေကျပ် (၁၀)သိန်းကျော် ရှိပါကြောင်း၊သိမ်းဆည်းရရှိအရက်ပုလင်းများအား(FDA)သို့ပေးပို့စစ်ဆေးရပါကြောင်း၊(FDA)၏ စစ်ဆေး တွေ့ရှိချက်အရသောက်သုံးရန်သင့်ပါက လေလံတင်ရောင်းချရမှာဖြစ်ပါကြောင်း၊ ယခုအရက် ပုလင်းများ သည်(FDA)ထောက်ခံချက် မရရှိသဖြင့် ဖျက်ဆီးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများက တရားမဝင် အထူးကုန်စည်ဖြစ်သည့် သိမ်းဆီးရရှိ စွန်မင်းရမ် အရက်ပုလင်းများအား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
#MDN

0 comments:

Post a Comment