Tuesday, October 8, 2019

ကရင်အာဇာနည်နေ့ကျင်းပခြင်းနှင့် ဝန်းရံခဲ့သည့်သူများကို တရားစွဲသည့်အပေါ်တွင် နောက်ဆက်တွဲအကျိုးဆက်တွေအများကြီးလာပါလိမ့်မယ်ဟု ဒေါ်နော်အုန်းလှပြော

Image may contain: 1 person, eyeglasses

ကရင်အာဇာနည်နေ့ ဂုဏ်ပြု အခမ်းအနားအားကျင်းပမှုကြောင့် ဦးဆောင်သုံးဦးကို ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ချ မှတ်ခဲ့သည့်အပြင် ယင်းအမိန့်ချမှတ်ခံရသည့်သူများကို လာရောက်ဝန်းရံခဲ့သည့် သူများအနက် ၃ ဦးအား တရားစွဲဆိုခဲ့ခြင်းများရှိခဲ့သည်။

“ဒီလိုမျိုးလုပ်နေခြင်းက သူတို့အတွက် ဘာအကျိုးရှိလာမှာလည်း ဒီလိုမစဉ်းစားပဲနဲ့ လုပ်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေအများကြီးလာပါလိမ့်မယ်” ဒေါ်နော်အုန်းလှ(ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ)ပြောကြားခဲ့ကြောင်း သိရှိရသည်။
လက်ရှိအစိုးရာလက်ထက်တွင် ကရင်အာဇာနည်နေ့ကျင်းပခြင်းကို ၂၀၁၈ ခုနှစ်မှ စတင်ကာ ကန့်ကွက်ခံရမှုများရှိခဲ့သည့်အပြင် ယခုနှစ်ကျင်းပသည့်အခါတွင်လည်း ထပ်မံကန့်ကွက်ခြင်းများရှိခဲ့သည်။ ကရင်အာဇာနည်နေ့ ကျင်းပပြုလုပ်တာကို ကန့်ကွက်တာဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး ဒီမိုကရေစီကို ရိုက်ချိုးတယ်လို့ ခံစားရကြောင်း ဒေါ်နော်အုန်းလှမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Ref ; People Media
<zawgyi>
ကရင်အာဇာနည်နေ့ကျင်းပခြင်းနှင့် ဝန်းရံခဲ့သည့်သူများကို တရားစွဲသည့်အပေါ်တွင် နောက်ဆက်တွဲအကျိုးဆက်တွေအများကြီးလာပါလိမ့်မယ်ဟု ဒေါ်နော်အုန်းလှပြော
Tuesday,October 8 ,2019

ကရင်အာဇာနည်နေ့ ဂုဏ်ပြု အခမ်းအနားအားကျင်းပမှုကြောင့် ဦးဆောင်သုံးဦးကို ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ချ မှတ်ခဲ့သည့်အပြင် ယင်းအမိန့်ချမှတ်ခံရသည့်သူများကို လာရောက်ဝန်းရံခဲ့သည့် သူများအနက် ၃ ဦးအား တရားစွဲဆိုခဲ့ခြင်းများရှိခဲ့သည်။
“ဒီလိုမျိုးလုပ်နေခြင်းက သူတို့အတွက် ဘာအကျိုးရှိလာမှာလည်း ဒီလိုမစဉ်းစားပဲနဲ့ လုပ်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေအများကြီးလာပါလိမ့်မယ်” ဒေါ်နော်အုန်းလှ(ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ)ပြောကြားခဲ့ကြောင်း သိရှိရသည်။
လက်ရှိအစိုးရာလက်ထက်တွင် ကရင်အာဇာနည်နေ့ကျင်းပခြင်းကို ၂၀၁၈ ခုနှစ်မှ စတင်ကာ ကန့်ကွက်ခံရမှုများရှိခဲ့သည့်အပြင် ယခုနှစ်ကျင်းပသည့်အခါတွင်လည်း ထပ်မံကန့်ကွက်ခြင်းများရှိခဲ့သည်။ ကရင်အာဇာနည်နေ့ ကျင်းပပြုလုပ်တာကို ကန့်ကွက်တာဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး ဒီမိုကရေစီကို ရိုက်ချိုးတယ်လို့ ခံစားရကြောင်း ဒေါ်နော်အုန်းလှမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment