Tuesday, October 8, 2019

ပဲခူးအရှေ့မြို့ရှောင်လမ်း ကျပ်ငွေရှစ်ဘီလီယံခန့် ကုန်ကျမည့် စီမံကိန်း စတင်ဆောင်ရွက်

Image may contain: sky, outdoor and nature

ပဲခူးမြို့ ကလိကျေးရွာအပိုင်မှ သနပ်ပင်လမ်းအထိ ဖောက်လုပ်မည့် ကျပ်ငွေ ရှစ်ဘီလီယံခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော ပဲခူးအရှေ့ မြို့ရှောင်လမ်းစီမံကိန်းအား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဒီနှစ် ဘက်ဂျက်နဲ့ စလုပ်နေပါပြီ။ တစ်ကြောင်းထိုးလမ်းခင်းနေတာပါ။ မြေယာလျော်ကြေး သန်း ၄၉၀ ကျော်ကိုလဲ ပေးပြီးပါပြီ။ နောက်နှစ်ဘက်ဂျက်မှာ ရတဲ့ရန်ပုံငွေအပေါ်မူတည်ပြီး တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာပါ" ဟု ပဲခူးတိုင်းဆောက်လုပ်ရေး ( မြို့ပြ) ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောသည်။
ပဲခူးအရှေ့မြို့ရှောင်လမ်းအား ၂၄ ပေအကျယ် AC လမ်း ခင်းမည်ဖြစ်ပြီး လမ်းစီမံကိန်းတွင် တံတား အသေး ၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ၊ ကွင်းပေါင်း ၁၀ ကွင်းနှင့် ပါဝင်သွားသေ ဧရိယာမှာ ၁၉၀ ဒဿမ ၈၄ ဧက ရှိကြောင်းသိရသည်။ ဒီလမ်းကနေ မန္တလေးဘက်ကို သွားနိုင်မှာပါဟု ဦးဇော်ထွန်းက ပြောကြားခဲ့ပါသည်။
လမ်းက ၅ မိုင်နဲ့ ၆ ဖာလုံရှိတယ်။ မြေယာလျော်ကြေး ပေးတဲ့ကိစ္စမှာ လမ်းဘေးနားကျတဲ့ လယ်သမား သုံးဦးလောက်ကတော့ အစိုးရကပေးတဲ့ လျော်ကြေးထက် ပိုတိုးပြီး လိုချင်တာ ရှိတယ်။သူတို့ကတော့ အစိုးရနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ကျန်တဲ့ လယ်သမားတွေအကုန်လုံး လျော်ကြေး ပေးပြီးပြီ"ဟု ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။
အဆိုပါ ပဲခူးအရှေ့ မြို့ရှောင်လမ်း စီမံကိန်းအတွင်း ရောက်နေသော ကမာနတ် ကျေးရွာအနီးလယ်မြေများအတွင်း နေထိုင်နေသည့်ကမ်းပြိုဒုက္ခသည်အမည်ခံများကိုမူ လျော်ကြေးပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။

လမ်းစီမံကိန်းနဲ့ မလွတ်တဲ့ ကမ်းပြိုလို့ဆိုပြီးလယ်ထဲမှာ နေနေတဲ့ အကွက်တစ်ချို့တော့ ပါသွားမယ်။ လျော်ကြေးကလဲ လယ်အတွက်ပဲပေးမှာ ။ အဲ့ဒီမူရင်းလယ်ပိုင်ရှင်ကတော့ လျော်ကြေး လာမယူသေးဘူးဟု ဦးညွန့်ရွှေက ဆက်လက်ပြောကြားသည်။
မြေယာလျော်ကြေး အနေဖြင့် တစ်ဧကလျှင် ၂၅ သိန်းနှုန်း ၊ သီးနှံပျက်စီး လျော်ကြေးအဖြစ်စပါးဈေး ၅သိန်း ၂ သောင်း ဈေးဖြင့် ပေးလျော် ထားကြောင်း သိရသည်။
<zawgyi>
ပဲခူးအရှေ့မြို့ရှောင်လမ်း ကျပ်ငွေရှစ်ဘီလီယံခန့် ကုန်ကျမည့် စီမံကိန်း စတင်ဆောင်ရွက်
Tuesday,October 8 ,2019

ပဲခူးမြို့ ကလိကျေးရွာအပိုင်မှ သနပ်ပင်လမ်းအထိ ဖောက်လုပ်မည့် ကျပ်ငွေ ရှစ်ဘီလီယံခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော ပဲခူးအရှေ့ မြို့ရှောင်လမ်းစီမံကိန်းအား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဒီနှစ် ဘက်ဂျက်နဲ့ စလုပ်နေပါပြီ။ တစ်ကြောင်းထိုးလမ်းခင်းနေတာပါ။ မြေယာလျော်ကြေး သန်း ၄၉၀ ကျော်ကိုလဲ ပေးပြီးပါပြီ။ နောက်နှစ်ဘက်ဂျက်မှာ ရတဲ့ရန်ပုံငွေအပေါ်မူတည်ပြီး တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာပါ" ဟု ပဲခူးတိုင်းဆောက်လုပ်ရေး ( မြို့ပြ) ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောသည်။
ပဲခူးအရှေ့မြို့ရှောင်လမ်းအား ၂၄ ပေအကျယ် AC လမ်း ခင်းမည်ဖြစ်ပြီး လမ်းစီမံကိန်းတွင် တံတား အသေး ၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ၊ ကွင်းပေါင်း ၁၀ ကွင်းနှင့် ပါဝင်သွားသေ ဧရိယာမှာ ၁၉၀ ဒဿမ ၈၄ ဧက ရှိကြောင်းသိရသည်။ ဒီလမ်းကနေ မန္တလေးဘက်ကို သွားနိုင်မှာပါဟု ဦးဇော်ထွန်းက ပြောကြားခဲ့ပါသည်။
လမ်းက ၅ မိုင်နဲ့ ၆ ဖာလုံရှိတယ်။ မြေယာလျော်ကြေး ပေးတဲ့ကိစ္စမှာ လမ်းဘေးနားကျတဲ့ လယ်သမား သုံးဦးလောက်ကတော့ အစိုးရကပေးတဲ့ လျော်ကြေးထက် ပိုတိုးပြီး လိုချင်တာ ရှိတယ်။သူတို့ကတော့ အစိုးရနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ကျန်တဲ့ လယ်သမားတွေအကုန်လုံး လျော်ကြေး ပေးပြီးပြီ"ဟု ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။
အဆိုပါ ပဲခူးအရှေ့ မြို့ရှောင်လမ်း စီမံကိန်းအတွင်း ရောက်နေသော ကမာနတ် ကျေးရွာအနီးလယ်မြေများအတွင်း နေထိုင်နေသည့်ကမ်းပြိုဒုက္ခသည်အမည်ခံများကိုမူ လျော်ကြေးပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။

လမ်းစီမံကိန်းနဲ့ မလွတ်တဲ့ ကမ်းပြိုလို့ဆိုပြီးလယ်ထဲမှာ နေနေတဲ့ အကွက်တစ်ချို့တော့ ပါသွားမယ်။ လျော်ကြေးကလဲ လယ်အတွက်ပဲပေးမှာ ။ အဲ့ဒီမူရင်းလယ်ပိုင်ရှင်ကတော့ လျော်ကြေး လာမယူသေးဘူးဟု ဦးညွန့်ရွှေက ဆက်လက်ပြောကြားသည်။
မြေယာလျော်ကြေး အနေဖြင့် တစ်ဧကလျှင် ၂၅ သိန်းနှုန်း ၊ သီးနှံပျက်စီး လျော်ကြေးအဖြစ်စပါးစျေး ၅သိန်း ၂ သောင်း စျေးဖြင့် ပေးလျော် ထားကြောင်း သိရသည်။

0 comments:

Post a Comment