Friday, October 4, 2019

ဘွဲ့နှင်းအဆောက်အအုံ၊ ခန်းမများမရှိသော တက္ကသိုလ်များသာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အားအသုံးပြုခွင့်ပေးတော့မည်

Image may contain: one or more people, people standing, tree and outdoorImage may contain: one or more people, people standing, crowd and outdoor
ယခင်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် အခြားတက္ကသိုလ်များမှ အဝေးသင်၊ Day (နေ့သင်တန်း)၊ ဒီပလိုမာသင်တန်းများ၏ ဘွဲ့နှင်းအခမ်းအနား များ လက်ခံကျင်းပခဲ့သော်လည်း ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင်တွင် အခြားတက္ကသိုလ်များ ဘွဲ့နှင်းအခမ်းအနား လာရောက်ကျင်းပခြင်းကို ယခုနှစ်ကစတင်ကာ ကန့်သတ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဒေါက်တာသောင်းထိုက်မှ ပြောခဲ့သည်။

ယခုနှစ်ကစတင်ကာ ဘွဲ့နှင်းအဆောက်အအုံ၊ ခန်းမများမရှိသော တက္ကသိုလ်များသာ ရန် ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး ဘွဲ့ နှင်းအဆောက်အအုံ၊ ခန်းမများရှိ သော တက္ကသိုလ်များကို အသုံး ပြုခွင့်မပေးတော့ကြောင်းနှင့် ဘွဲ့နှင်းအဆောက်အအုံမရှိသည့်တက္ကသိုလ်များက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အသုံးပြုခွင့်တင်ပြလာပါက ခွင့်ပြုမည်ဟု ဒေါက်တာ သောင်းထိုက်က ပြောသည်။
ရန်ကုန်ရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်အချို့၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်အောက်ရှိ အောက်မြန်မာပြည် တက္ကသိုလ်များက ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်၌ ဘွဲ့နှင်းအ ခမ်းအနားများ ကျင်းပလေ့ရှိ သည်။
ရန်ကုန်တက္ကသိုလ်က ဘွဲ့ နှင်းအခမ်းအနားကို တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိပြီး ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် တွင် အခြားတက္ကသိုလ်များ ဘွဲ့ နှင်းအခမ်းအနား လာရောက် ကျင်းပမှုက ပိုများသည်။ ရန်ကုန် အဝေးသင်တက္ကသိုလ်တစ်ခု တည်းကပင် ဘွဲ့နှင်းအခမ်းအနား ကျင်းပမှုသည် နှစ်လခန့်ကြာမြင့် တတ်သည်ဟု ဒေါက်တာသောင်း ထိုက်က ဆိုသည်။ ဘွဲ့နှင်းသဘင် အခမ်းအနားများကို နှစ်စဉ် နိုဝင် ဘာက စတင်ကျင်းပလေ့ရှိသည်။
အဝေးသင်တက္ကသိုလ်ဘွဲ့ နှင်းအခမ်းအနားကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ တွင် ကျင်းပခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် ခရီးစရိတ်၊ ကုန်ကျစရိတ်အခက်အခဲများရှိ၍အဝေးသင်သင်တန်း ဖွင့်သည့် တက္ကသိုလ်၊ ကောလိပ်များတွင်သာ ဘွဲ့နှင်းအခမ်းအနား ကျင်းပပေးနိုင်ရန် ယခုနှစ်ကစတင်စီစဉ်နေသည်ဟု အဆင့် မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားခဲ့သည်။
Image may contain: tree, sky, house and outdoor
<<Zawgyi>>

0 comments:

Post a Comment