Monday, October 7, 2019

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချပေးနေသောမြေကွက်များမှာ အာမခံချက်ရှိကြောင်း မြို့တော်ဝန် ပြော

Image may contain: 1 person, sitting
အောက်တိုဘာလ (၇)ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏သတင်းစာရှင်းလင်းပွဲတွင် ယခု ရောင်းချပေးနေသောမြေကွက်များမှာ အာမခံချက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောကြားလိုက်သည်။

“ နောက်အစိုးရတစ်ရပ်မှာအာမခံချက်မရှိဘူးဆိုတာ လူထုအတွက်တော့စိတ်ဆင်းရဲစရာပဲ။ အာမခံချက်ရှိကို ရှိရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်အစိုးရလုပ်ခဲ့တာတွေကိုဖျက်ခဲ့တာတွေတစ်ခုမှမရှိဘူး။ မြေရောင်းတာကလည်း YCDC ကလည်းရောင်းတာမဟုတ်ဘူး။ တိုင်းအစိုးရကလည်းရောင်းတာမဟုတ်ဘူး။ မြေရောင်းမယ့်ကော်မတီကြီးကိုဖွဲ့ပြီးတော့ရောင်းပေးတာပါ။ ဒီဟာကဆောက်ချင်တဲ့သူတွေ၊ ဈေးသက်သက်သာသာနဲ့ ဒီမြေတွေပေါ်မှာအသုံးပြုလို့ရအောင်လို့ရောင်းချပေးတဲ့သဘောပါ။ အာမခံချက် အပြည့်ရှိပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
မြေကွက်ဝယ်ယူရန် လျှောက်လွှာများကို တောင်ဥက္ကလာပမြို့နယ် ၊ အရှေ့ပိုင်းခရိုင်စုပေါင်းရုံး၌ ယနေ့(အောက်တိုဘာလ ၇ ရက်) တွင် စတင်ရောင်းချခဲ့ပြီး လျောက်လွှာတစ်စောင်လျှင် ငွေကျပ် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
မြေကွက်ရောင်းချပေးမည့်မြို့နယ်များမှာဒဂုံ(တောင်)ပိုင်း၊ ဒဂုံ(မြောက်)ပိုင်း၊ ဒဂုံ(အရှေ့)ပိုင်း၊ ဒဂုံ (ဆိပ်ကမ်း)၊ ရွှေပြည်သာမြို့နယ်၊ လိူင်သာယာမြို့နယ်၊ မှော်ဘီမြို့နယ် စသည့်မြို့နယ်များရှိမြေကွက်များဖြစ်ပြီး ၃၈ နေရာမှ မြေကွက်ပေါင်း ၆၀၀ နီးပါးနှင့် မြေဧကပေါင်း ၉၀ ဝန်းကျင်ကိုရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။
လူနေထိုင်ရန်ရောင်းချပေးမည့်မြေကွက်ပေများမှာ ပေ ၄၀-ပေ ၆၀ ၊ ပေ ၆၀-ပေ ၆၀၊ ပေ ၆၀ -ပေ ၈၀၊ ပေ ၁၀၀-ပေ ၁၀၀၊ ပေ ၁၀၀-ပေ ၁၂၀စသည့်အကွက်များဖြစ်ပြီးစီးပွားရေး၊ စက်မှုလုပ်ငန်းသုံးရန်အတွက်လည်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိရောင်းချပေးသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက်ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။
<<Zawgyi>>
Tuesday,October 8 ,2019

0 comments:

Post a Comment