Tuesday, October 8, 2019

တေးသံရှင် ဖြိုးပြည့်စုံနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့အညွန့်တွေကျိုးမှာမလိုစေချင်ဘူးဟု ဆိုလိုက်တဲ့ တေးရေးမင်းချစ်သူ

Image may contain: 1 person, smiling, standing and textImage may contain: 1 person

ယမန်နေ့ က မူးယစ်ဆေးဝါးမှုကြောင့် ဖြိုးပြည့်စုံ ထိန်းသိမ်းခံရတယ်ဆိုတဲ့သတင်းက ပရိသတ်တွေကို စိတ်မကောင်း ဖြစ်စေခဲ့ တာပါ ။ ဖြိုးပြည့်စုံ တစ်ယောက် ဘာ့ကြောင့် ဒီလို အဖမ်းခံရတာလည်း ၊ ဖြိုးပြည့်စုံ တစ်ယောက် ဘယ်လိုလူမျိုးလည်းဆိုတာကို တေးရေးမင်းချစ်သူ က လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုရပ်တည်လိုက်ပါတယ်

ဆရာ မင်းချစ်သူ က “လောကမှာ ပုထုဇဉ်တိုင်း မှားတတ်ပါတယ်။
1/ သတင်းအရဆိုပြီး ပထမဝင်ဖမ်းတဲ့လူငယ်တွေဆီမှာ ဘာမှရှာမတွေ့ဘဲ သူတို့စားပွဲမှာ ကားသော့နဲ့ ပိုက်ဆံအိတ်ကျန်ခဲ့တဲ့ ဖြိုးပြည့်စုံကိုနောက်မှ ပြန်လာဖမ်းဆီးသူ တာဝန်ရှိ ပုဂ္ဂိုလ်များ?
2/ BKK ကဝယ်လာတဲ့ Play More Candy (ငုံဆေး ပူရှိန်း) ပြားတွေပါဆိုတာကို ရှင်းမရ ငြင်းမရဘဲ ရဲစခန်းရောက်သွားပြီး မူးယစ်ဆေးပြားလို့မသင်္ကာမှုနဲ့ (ထိုင်းက ပူရှိန်းတွေ လို့ဖြေရှင်းထားတာကို) ဓာတ်ခွဲစစ်ဆေး ပြီးချိန်ကို အချုပ်ကနေစာင့်ရဦးမည့် ဖြိုးပြည့်စုံ။
3/ သည်းခြေအိတ် ထုတ်ထားရပြီး လည်ချောင်းနာ နေလို့ကျန်းမာရေး သိပ်မကောင်းပေမဲ့ ပရိတ်သတ်ကိုအမြဲ ချစ်ခင်လေးစားတဲ့ ဖြိုးပြည့်စုံအပေါ် အပြစ်မရှိဘူးလို့ ယုံကြည်တဲ့ သူ့မိသားစု၊အပေါင်းအသင်းများ Fan များ နဲ့ ကျနော်။ ( ဘယ်သူမှားမှား တိုင်းပြည်ရဲ့အညွန့်တွေကျိုးမှာမို့ ဘယ်သူမှ မမှားပါစေနဲ့ လို့ဆုတောင်းပါတယ် )”ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။
အခုလို ရပ်ကျော်ရွာကျော် ဖမ်းဆီးခံလိုက်ရတဲ့ဖြိုးပြည့်စုံအတွက် အမှန်တရားတစ်ခုကို ရှာဖွေပေးဖို့ အနုပညာရှင်တွေကော ၊ ပရိသတ်တွေကပါ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။
<<zawgyi>>
တေးသံရှင် ဖြိုးပြည့်စုံနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့အညွန့်တွေကျိုးမှာမလိုစေချင်ဘူးဟု ဆိုလိုက်တဲ့ တေးရေးမင်းချစ်သူ
Tuesday,October 8 ,2019

ယမန်နေ့ က မူးယစ်ဆေးဝါးမှုကြောင့် ဖြိုးပြည့်စုံ ထိန်းသိမ်းခံရတယ်ဆိုတဲ့သတင်းက ပရိသတ်တွေကို စိတ်မကောင်း ဖြစ်စေခဲ့ တာပါ ။ ဖြိုးပြည့်စုံ တစ်ယောက် ဘာ့ကြောင့် ဒီလို အဖမ်းခံရတာလည်း ၊ ဖြိုးပြည့်စုံ တစ်ယောက် ဘယ်လိုလူမျိုးလည်းဆိုတာကို တေးရေးမင်းချစ်သူ က လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုရပ်တည်လိုက်ပါတယ်
ဆရာ မင်းချစ်သူ က “လောကမှာ ပုထုဇဉ်တိုင်း မှားတတ်ပါတယ်။
1/ သတင်းအရဆိုပြီး ပထမဝင်ဖမ်းတဲ့လူငယ်တွေဆီမှာ ဘာမှရှာမတွေ့ဘဲ သူတို့စားပွဲမှာ ကားသော့နဲ့ ပိုက်ဆံအိတ်ကျန်ခဲ့တဲ့ ဖြိုးပြည့်စုံကိုနောက်မှ ပြန်လာဖမ်းဆီးသူ တာဝန်ရှိ ပုဂ္ဂိုလ်များ?
2/ BKK ကဝယ်လာတဲ့ Play More Candy (ငုံဆေး ပူရှိန်း) ပြားတွေပါဆိုတာကို ရှင်းမရ ငြင်းမရဘဲ ရဲစခန်းရောက်သွားပြီး မူးယစ်ဆေးပြားလို့မသင်္ကာမှုနဲ့ (ထိုင်းက ပူရှိန်းတွေ လို့ဖြေရှင်းထားတာကို) ဓာတ်ခွဲစစ်ဆေး ပြီးချိန်ကို အချုပ်ကနေစာင့်ရဦးမည့် ဖြိုးပြည့်စုံ။
3/ သည်းခြေအိတ် ထုတ်ထားရပြီး လည်ချောင်းနာ နေလို့ကျန်းမာရေး သိပ်မကောင်းပေမဲ့ ပရိတ်သတ်ကိုအမြဲ ချစ်ခင်လေးစားတဲ့ ဖြိုးပြည့်စုံအပေါ် အပြစ်မရှိဘူးလို့ ယုံကြည်တဲ့ သူ့မိသားစု၊အပေါင်းအသင်းများ Fan များ နဲ့ ကျနော်။ ( ဘယ်သူမှားမှား တိုင်းပြည်ရဲ့အညွန့်တွေကျိုးမှာမို့ ဘယ်သူမှ မမှားပါစေနဲ့ လို့ဆုတောင်းပါတယ် )”ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။
အခုလို ရပ်ကျော်ရွာကျော် ဖမ်းဆီးခံလိုက်ရတဲ့ဖြိုးပြည့်စုံအတွက် အမှန်တရားတစ်ခုကို ရှာဖွေပေးဖို့ အနုပညာရှင်တွေကော ၊ ပရိသတ်တွေကပါ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။
#Myanmar_Online_News #Minn_Chit_Thu #Phyo_Pyae_Sone

0 comments:

Post a Comment