Monday, October 7, 2019

ကလေးမြို့နယ်၌ စိတ်ကြွဆေးပြား ၇၈၀၀ ပြား ဖမ်းဆီးရမိ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ၁၈၄၀ အချိန် ကလေးမြို့၊ ချောင်းခွပူးပေါင်းစစ်ဆေးရေးဂိတ်၌ စိတ်ကြွဆေးပြား ၇၈၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ၁၈၄၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့၊ ချောင်းခွပူးပေါင်းစစ်ဆေးရေးဂိတ်၌ ငွန်ဆွန်းထန် မောင်းနှင်လာသော ဆိုင်ကယ်အားစစ်ဆေးရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ WY/R စာတမ်းပါစိတ်ကြွဆေးပြား ၇၈၀၀ ပြားနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ငွန်ဆွန်းထန်အား ကလေးမြို့မရဲစခန်း မယ(ပ)၁၅၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
<<zawgyi>>

0 comments:

Post a Comment