Wednesday, October 16, 2019

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

No photo description available.No photo description available.

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ည ၆ နာရီခန့်တွင် ဟာလဘကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ တောအတွင်းသို့ အရောက်၌ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာဟောင်း တစ်ခုအားတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝ ပြားနှင့် ကဖင်းအမှုန့် ၅၉၅ ကီလိုဂရမ်(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅ဝဝ ကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မော်ကားအရည် ၁ ကီလိုဂရမ်ခန့်ပါ ငါးပုံး၊ ဟုန်မေအဖြူရောင် အမှုန့် ၂ဝ ကီလိုဂရမ်ခန့်ပါ နှစ်အိတ်၊ ဆေးပြား အခြောက်ခံ စတီးဗန်းသုံးခု၊ မီးစက်အသေးသုံးလုံး၊ လေမော်တာနှစ်ခု၊ Gas မီးဖို ၁၅ ခု၊ Gas အိုး၂၂ ခု၊ ၉၉၉/ကြယ်ငါးလုံး တံဆိပ်တုံး ၂၉ ခုနှင့် ကမ္ဘာလုံးနှင့်ခြင်္သေ့ပုံပါ တံဆိပ်တုံးနှစ်ခုတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: food
<zawgyi>
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Wednesday, October 16, 2019

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ည ၆ နာရီခန့်တွင် ဟာလဘကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ တောအတွင်းသို့ အရောက်၌ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာဟောင်း တစ်ခုအားတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝ ပြားနှင့် ကဖင်းအမှုန့် ၅၉၅ ကီလိုဂရမ်(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅ဝဝ ကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မော်ကားအရည် ၁ ကီလိုဂရမ်ခန့်ပါ ငါးပုံး၊ ဟုန်မေအဖြူရောင် အမှုန့် ၂ဝ ကီလိုဂရမ်ခန့်ပါ နှစ်အိတ်၊ ဆေးပြား အခြောက်ခံ စတီးဗန်းသုံးခု၊ မီးစက်အသေးသုံးလုံး၊ လေမော်တာနှစ်ခု၊ Gas မီးဖို ၁၅ ခု၊ Gas အိုး၂၂ ခု၊ ၉၉၉/ကြယ်ငါးလုံး တံဆိပ်တုံး ၂၉ ခုနှင့် ကမ္ဘာလုံးနှင့်ခြင်္သေ့ပုံပါ တံဆိပ်တုံးနှစ်ခုတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment