Tuesday, October 8, 2019

ပြည်မမှ ဟောင်ကောင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားထက်ဝက်ကျော် လျော့ကျ

Image may contain: one or more people and shoes

ဟောင်ကောင်တွင် ဆန္ဒပြမှုများ အရှိန်မြင့်လျက်ရှိရာ ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်များအတွင်း တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားထက်ဝက် ကျော်ကျဆင်းခဲ့သည်ဟု သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အားလပ်ရက် အောက်တိုဘာ ၁ ရက် မှ ၆ ရက်အထိ လာရောက် လည်ပတ်သည့် ခရီးသွားအရေအတွက်မှာ ၆၀၀၀၀၀ ကျော်ရှိ ကြောင်း ဟောင်ကောင်အစိုးရက ပြောသည်။
အဆိုပါအရေအတွက်မှာ လွန်ခဲ့သည့်နှစ်က အရေအတွက် နှင့်ယှဉ်လျှင် ၅၆ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။
ဟောင်ကောင်သို့ လာရောက်လည်ပတ်သည့် ကမ္ဘာအရပ်ရပ်မှ ခရီးသွားအရေအတွက်မှာ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အရေအတွက်အားဖြင့် ၁ ဒသမ ၈၈ သန်း ခန့်လျော့နည်းသွားခြင်းဖြစ်သည်။

ဟောင်ကောင်သည် တစ်နှစ်လျှင် ခရီးသွား သန်း ၆၀ ကို ဆွဲဆောင်နိုင်ပြီး လာရောက်လည်ပတ်သူများထဲမှ ၈၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်မကြီးမှ ဖြစ်သည်။ သို့သော် ဩဂုတ်လလယ် နှောင်းပိုင်း ဆန္ဒပြပွဲများ အရှိန် ကောင်းလာသည့်အချိန်မှ စတင်ကာ အရေအတွက် တဖြည်းဖြည်းလျော့ကျလာခဲ့သည်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်ကလည်း လေးလကြာ ပဋိပက္ခများကြောင့် ဟောင်ကောင်၏ စီးပွားရေးကို ထိခိုက် လာစေကြောင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
စားသောက်ဆိုင် အများစုမှာလည်း အလုပ်သမားများကို ဖြုတ်ပစ်ရခြင်း၊ ဆိုင်ပိတ်လိုက်ရခြင်းအထိ အဖြစ်များနှင့် ကြုံရကြောင်း ၎င်းက သတိပေးခဲ့သည်။
Ref ; Xinhua
<zawgyi>
ပြည်မမှ ဟောင်ကောင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားထက်ဝက်ကျော် လျော့ကျ
Wednesday,October 9 ,2019

#Myanmar_Online_News

0 comments:

Post a Comment